၂၀၁၆ ခုနှစ်အတွက် ဖီဖာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကို ရာနီရေးရီ ရရှိ

၂၀၁၆ ခုနှစ်အတွက် ဖီဖာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကို ရာနီရေးရီ ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ဇန်နဝါရီ ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲအခမ်းအနားမှာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးနည်းပြဆုကို အီတလီလူမျိုး လက်စတာအသင်းနည်းပြ ရာနီရေးရီက ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် ရီးယဲလ်နည်းပြ ဇီဒန်းနှင့် ပေါ်တူဂီလက်ရွေးစင်နည်းပြ ဖာနန်ဒိုဆန်းတို့စ်တို့လည်း ဆန်ခါတင် ရွေးချယ်ခံရပြီး အဆိုပါဆုကို အာဂျင်တီးနားရဲ့ ဂန္တဝင်ဘောလုံးသမားကြီး မာရာဒိုနာက ကြေညာခဲ့ကာ နည်းပြ ရာနီရေးရီကို ပေးအပ်ခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြဟာ လက်စတာအသင်းကို ဦးဆောင်ပြီး ၎င်းတို့ရဲ့ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၅-၁၆ ရာသီမှာ ဆွတ်ခူးရရှိခဲ့ပြီး ၎င်းအတွက်လည်း နည်းပြသက်တမ်း ၃၀ နှစ်အတွင်း ပထမဆုံး လိဂ်ဖလားရရှိခဲ့တာလည်းဖြစ်ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် မဲပေးရွေးချယ်မှု စုစုပေါင်းရလဒ်မှာ ရာနီရေးရီက ၂၂.၆ ရာခိုင်နှုန်း၊ ဇီဒန်း ၁၆.၅၆ ရာခိုင်နှုန်းနဲ့ ဖာနန်ဒိုဆန်းတို့စ် ၁၆.၂၄ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။

ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်တာ The Best အကောင်းဆုံးဆုများ

  • အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု - စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)
  • အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆု - ကာလီလွိုက်ဒ် (ဟူစတန်ဒက်ရှ်/အမေရိကန်)
  • အကောင်းဆုံး အမျိုးသားနည်းပြဆု - ရာနီရေးရီ (လက်စတာ)
  • အကောင်းဆုံး အမျိုးသမီးနည်းပြဆု - ဇေလ်ဗီယာနိုက် (ဂျာမနီ)
  • အကောင်းဆုံး သွင်းဂိုး Puskas ဆု - မိုဟာမက်ဖိုင်ဆူဘရီ (ပီနန်/မလေးရှား)
  • FIFA Fair Play ဆု - အက်သလက်တီကိုနေစီယွန်နယ် (ကိုလံဘီယာ)
  • အကောင်းဆုံးပရိသတ်ဆု - လီဗာပူးလ် နှင့် ဒေါ့မွန် (ယူရိုပါလိဂ်)
  • ကစားသမားဘဝတစ်လျှောက်ထူးချွန်ဆု - ဖယ်လ်ကာအို (ဘရာဇီးလ်/ဖူဆယ်)
  • FIFA FIFPro World XI ကမ္ဘာ့အကောင်းဆုံးအသင်း

ဂိုး - နူအာ (ဘိုင်ယန်မြူးနစ်/ဂျာမနီ)
နောက်တန်း - အဲလ်ဗတ်စ် (ဂျူဗင်တပ်စ်/ဘရာဇီးလ်)၊ ပီကေး (ဘာစီလိုနာ/စပိန်)၊ ရာမို့စ် (ရီးယဲလ်/စပိန်)၊ မာဆယ်လို (ရီးယဲလ်/ဘရာဇီးလ်)
အလယ်တန်း - မိုဒရစ် (ရီးယဲလ်/ခရိုအေးရှား)၊ တိုနီကရူးစ် (ရီးယဲလ်/ဂျာမနီ)၊ အင်နီယေစတာ (ဘာစီလိုနာ/စပိန်)
ရှေ့တန်း - မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)၊ ဆွာရက်ဇ် (ဘာစီလိုနာ/ဥရုဂွေး)၊ စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags