စိတ်ကောင်းထားရန် အစီအစဉ်ရှိ၊ မရှိ မနော(စိတ်) အစိုးရကို နှလုံးသားလွှတ်တော်မှာ မေးခွန်းထုတ်ကြရန် အရှင်ဆန္ဒာဓိက တိုက်တွန်း

စိတ်ကောင်းထားရန် အစီအစဉ်ရှိ၊ မရှိ မနော(စိတ်) အစိုးရကို နှလုံးသားလွှတ်တော်မှာ မေးခွန်းထုတ်ကြရန် အရှင်ဆန္ဒာဓိက တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၆ ။            ။ ဖြစ်ရပ်တိုင်းမှာ စိတ်ကောင်းထားရန် အစီအစဉ် ရှိ၊ မရှိ မနော(စိတ်) အစိုးရကို နှလုံးသားလွှတ်တော်မှာ မေးခွန်းထုတ်ကြရန် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက တိုက်တွန်းဟောကြားခဲ့သည်။

“ဖြစ်ရပ်တိုင်းမှာ စိတ်ကောင်းထားရန် အစီအစဉ် ရှိမရှိ” တရားတော်ကို ဇန်နဝါရီလ ၅ရက် ပြည်သူ့ရင်ပြင်မှာ ကျင်းပသော နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင် စတုတ္ထညမှာ   ဟောသွားခဲ့ခြင်း ဖြစ်သည်။

စိတ်ထားကောင်းခြင်းဆိုသည်မှာ စိတ်အတွင်း အတွေးများကောင်းမွန်ခြင်းဖြစ်ပြီး စိတ်ကောင်းထားခြင်းဆိုသည်မှာ အဆိုပါ အတွေးကောင်းများကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ စိတ်ကောင်းထားသည်ဟု ဆိုလိုက်လျှင် အဆိုပါသူသည် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ကောင်းမွန်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

ဇန်နဝါရီ ၅ရက် ည တရားပွဲတွင် မိုးများရွာသွန်းခဲ့သော်လည်း တရားနာပရိတ်သတ်က ထီးဆောင်းကာ တရားပြီးဆုံးသည်ထိ တရားနာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူး တရားအလှုတော် ဓမ္မသဘင်ကို ၅ ရက်ကြာကျင်းပနေပြီး ယနေ့ နောက်ဆုံးညတွင် ရဝေနွယ် အင်းမဆရာတော် အရှင်ရာဇိန္ဒက တရားတော်ဟောကြားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required