ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိ ပေးပို့လာမည့် အကူအညီများကို ၀မ်းမြောက်ကြိုဆိုဟု ဆို

ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိ ပေးပို့လာမည့် အကူအညီများကို ၀မ်းမြောက်ကြိုဆိုဟု ဆို
Photo - State Counsellor Office Information Committee

ဇန်နဝါရီ ၆ ။           ။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိ ပေးပို့လာမည့် လူ့သားချင်းစာနာထောက်ထားမှု အကူအညီများကို ၀မ်းမြောက်ကြိုဆိုပါကြောင်း  ဖော်ပြခဲ့သည်ဟု နို်င်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်တွင် ပေးပို့သော မလေးရှားသံရုံးအား အကြောင်းကြားချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂလီများအား ထောက်ပံ့ရန် မလေးရှားနိုင်ငံ NGOsများ၏ အထောက် အပံ့ရေယာဉ်များ စေလွှတ်မည့် သတင်းများနှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံ၊   နို်င်ငံခြားရေး ၀န်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်တွင် မလေးရှားသံရုံးသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများအား ငွေသား သို့မဟုတ် အလားတူ ကူညီမှုများကို သံတမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်နိုင်ပြီး အင်ဒိုနီးရှားနိုင်ငံမှလည်း သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်ထားသည်ဟု ယင်းအကြောင်းကြားစာတွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly