ထိုင်းတွင် New Year ညက ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ဦးရေ ၄၈၀ ထိ ရှိခဲ့ပြီး ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့

ထိုင်းတွင် New Year ညက ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ဦးရေ ၄၈၀ ထိ ရှိခဲ့ပြီး ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့

ဇန်နဝါရီ ၅ ။          ။ ပြီးခဲ့သည့် New Year ညက ထိုင်းနိုင်ငံတစ်ဝန်း လမ်းများပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေ ၄၈၀ အထိ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း ပိုများလာခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ ပွဲတော်ရက်များအတွင်း အရက်သေစာ သောက်စားကာ ယာဉ်မောင်းနှင်မှုများအပေါ် အစိုးရက တင်းကျပ်စွာ ထိန်းချုပ်ကြပ်မတ်နေသည့်ကြားမှ ယခုကဲ့သို့ သေဆုံးသူ ဦးရေ တိုးလာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုများ ဖြစ်စေနိုင်သည့် ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းတစ်ချို့ ရှိနေပြီး အဆိုပါကဲ့သို့ နှစ်သစ်ကူးကာလတွင် သန်းပေါင်းများစွာ လုပ်သားများမှာ ၎င်းတို့၏ မူလနေရပ်များသို့   ပြန်လာလေ့ရှိသည်ဟုလည်း သိရသည်။

ထိုင်းစစ်အစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၄ အာဏာရယူပြီးကတည်းက မူးယစ်သောက်စားကာ ယာဉ်မောင်းနှင်မှုများအပေါ် တင်းတင်းကျပ်ကျပ် နှိမ်နင်းထိန်းချုပ်နေခဲ့ပြီး ကျူးလွန်သူများကို   ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ခြင်းများကို လုပ်ဆောင်ထားခဲ့သည်။

သို့သော် ပြီးခဲ့သည့်သီတင်းပတ်ကမူ သေဆုံးသူ ဦးရေ ၄၇၈ ဦးထိ ရှိခဲ့ကာ ယခင်နှစ်က အလားတူကာလက ၃၈၀ ဦးထက် ၂၅ ရာခိုင်နှုန်း ပိုများလာခဲ့ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာန  ဘေးအန္တရာယ် ကာကွယ်ရေးဌာနက ထုတ်ပြန်သွားသည်။

" ခုလို သေဆုံးကြရတဲ့ အဓိကအကြောင်းရင်းကတော့ မူးယစ်သောက်စားပြီး မောင်းနှင်ခဲ့ကြတာနဲ့ အရှိန်တအားတင် မောင်းခဲ့ကြလို့ပဲဖြစ်ပါတယ်" ဟု ပြည်ထဲရေး ဒုဝန်ကြီး Suthee Markboon က ပြောသွားသည်။ ယာဉ်တိုက်မှုပေါင်း ၃,၈၁၉ ခု ဖြစ်ခဲ့ပြီး ယင်းတို့ထဲမှ ဖြစ်စဉ်အများစုမှာ မော်တော်ဆိုင်ကယ် မတော်တဆမှုများ ဖြစ်နေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required