Facebookမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ရာဇဝတ်မှုနှင့် ပတ်သတ်ပြီး သံသယရှိသူလေးဦး ဖမ်းဆီးခံရ

Facebookမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ရာဇဝတ်မှုနှင့် ပတ်သတ်ပြီး သံသယရှိသူလေးဦး ဖမ်းဆီးခံရ

ချီကာဂို၊ ဇန်နဝါရီ ၅ ။            ။ လူဖြူတစ်ယောက်ကို ပါးစပ်ပိတ်၊ ချုပ်နှောင်ပြီး ၀ိုင်းဝန်းနှိပ်စက်ခဲ့သော ဗီဒီယိုကို Facebook မှ တိုက်ရိုက်ထုတ်လွှင့်ခဲသည့့် ရာဇဝတ်မှု နှင့်ပတ်သက်ပြီး သံသယရှိသူ(၄)ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါရာဇဝတ်မှုသည် အမေရိကန်ပြည်ထောင်စု ချီကာဂို၌ ဇန်နဝါရီ ၃ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အနှိပ်စက်ခံခဲ့ရတဲ့သူသည်  အထူးကုသမှုခံယူခဲ့ရပြီး ရာဇဝတ်မှုနှင့် ပတ်သတ်ပြီး သံသယရှိသူလေးဦးကိုမူ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့် နှင့် လူြုဖူများအပေါ် ဂါရဝမဲ့ လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။

ဗီဒီယိုဖိုင်တွင်လည်း အဆိုပါသံသယရှိသူများသည် အချုပ်ခံထားရတဲ့သူရဲ့ ဦးခေါင်းအရေပြားကို ဖယ်ရှားရန် ဓားသုံးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အဆိုပါဗီဒီယိုကို စိတ်မကျေနပ်ဖွယ် အမုန်းတရားမှ ဖြစ်လာသော မှုခင်း ဟု ချီကာဂိုရဲများက ဖော်ပြခဲ့သည်။

“ဒီကိစ္စကိုကြည့်ရင်းနဲ့ လူတွေက ဘာကြောင့်  ဒီလိုတွေပြုမူနေကြသလဲဆိုတာကို အံ့အားသင့်လာမှာပါ”ဟု ချီကာဂိုရဲအုပ်ကြီး အက်ဒီ ဂျွန်ဆင်က တွစ်တာမှ တိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျွန်တော်ရဲဖြစ်တာ ၂၈နှစ်ရှိပြီ။ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ခင်ဗျားတို့မမြင်သင့်တဲ့ အမှုမျိုးတွေအများကြီး ကြံုတွေ့ခဲ့ပြီးသားပါ။ ဒါပေမဲ့ ခင်ဗျားတို့ မမြင်သင့်တဲ့ ကိစ္စတွေဖြစ်နေတုန်းပဲ ဆိုတာကတော့ ကျွန်တော့်အတွက် အံ့သြစရာပါ”ဟု အက်ဒီက ဆက်ပြောသည်။

ဤသို့ နှိပ်စက်မခံရခင် နှစ်ရက်ကြာ ပြန်ပြေးဆွဲခံထားရသော အမည်မဖော်လိုသော နှိပ်စက်ခံရသူမှာ အုပ်စုလိုက်တိုက်ခိုက်သူများမှ တစ်ဦး၏မိတ်ဆွေဖြစ်ပြီး ယခုအခါ ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်းချီကာဂိုရဲများက ထုတ်ဖော်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required