အာလီရဲ့ သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးတို့ ၁၃ ပွဲနိုင်ပွဲဆက်မှတ်တမ်း ရပ်တန့်ခဲ့ရ

အာလီရဲ့ သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးတို့ ၁၃ ပွဲနိုင်ပွဲဆက်မှတ်တမ်း ရပ်တန့်ခဲ့ရ
(ဓာတ်ပုံ - အီးပီအေ)

စပါးအသင်းက ဝှိုက်ဟတ်လိန်းမှာ ချယ်လ်ဆီးကို အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ (၁၄) ပွဲဆက် စံချိန်ရယူဖို့ ကြိုးစားမှုကို  အဆုံးသတ်ပေးလိုက်ပါတယ်။

ဒီပွဲမှာ အထူးသဖြင့် စပါးရဲ့ ကွင်းလယ်က ဝမ်ယာမာက ချယ်လ်ဆီးကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့လို့ ချယ်လ်ဆီး အသာမရဘဲ ရှံးခဲ့တာဖြစ်ပါတယ်။ စပါးအတွက် ဂိုးတွေကိုတော့ ပထမပိုင်းပြီးခါနီးနဲ့ ၅၄ မိနစ်တို့မှာ အဲရစ်ဆင်ရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ရယူခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့ ပေးပို့မှုကနေ အာလီက ၄၅+၁ မိနစ်မှာ ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်း (၅၄)မိနစ်မှာ အဲရစ်ဆင်ရဲ့ ဖြတ်တင်ပေးပို့မှုကို အာလီကပဲ အနီးကပ် ခေါင်းတိုက်သွင်းယူကာ စပါးတို့ ၂-၀ ဂိုးမရှိနဲ့ ချယ်လ်ဆီးကို နိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် စပါးအသင်းက အမှတ်ပေးဇယား တတိယနေရာကို ရောက်ရှိသွားပြီး ဒုတိယနေရာက လီဗာပူးလ်အသင်းမှာ ချယ်လ်ဆီးနဲ့ ၅ မှတ်သာ ကွာဟတော့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required