မသန်​စွမ်​းများအတွက်​ မိုဘိုင်​းဖုန်​းဖြင်​့ ဗီဒီယိုရိုက်​ကူးနည်​း သင်​တန်​း​ပေး

မသန်​စွမ်​းများအတွက်​ မိုဘိုင်​းဖုန်​းဖြင်​့ ဗီဒီယိုရိုက်​ကူးနည်​း သင်​တန်​း​ပေး

ရန်ကုန်၊ ဇန်နဝါရီ ၄ ။                ။ မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီး မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးရေး သင်တန်းတစ်ခုကို  ဇန်နဝါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ခန်းမ မှာ သင်တန်းပေးခဲ့ကြောင်း သိရသည်။

ကင်မရာရှေ့တွင် ရိုက်ကူးခံဘဝမှ ကိုယ်တိုင်ရိုက်ကူးနိုင်သော အနေအထားရောက်ရှိအောင် သင်တန်းပေးခဲ့ခြင်း ဖြစ်သည် ဟု စေတနာ့နည်းပြ လုပ်ပေးခဲ့သည့် မနွေးဇာခြည်စိုးက ပြောသည်။

"မသန်စွမ်းတွေကို များသောအားဖြင့် ကင်မရာရှေ့မှာပဲ ရိုက်ဖို့စိတ်ကူးရှိတယ် ဒါ​ပေမယ့် ကျွန်​မ တကယ်​​လေ့လာတဲ့အခါမှာ မသန်​စွမ်​း​တွေကိုယ်​တိုင်​လည်​း ဒါကို ရိုက်​ကူးခွင်​့ရှိတယ်။​ ကိုယ်​တိုင်​လည်​း ရိုက်​နိုင်​တဲ့ အ​နေအထားတွေရှိတယ်​။ နိုင်​ငံတကာမှာလည်​း မသန်​စွမ်​းရုပ်​ရှင်​ပွဲ​တော်​​တွေရှိတဲ့အတွက်​ ကျွန်​မ ဒါ​လေးကို စပြီးအ​ကောင်​အထည်​​ဖော်​ဖြစ်​တာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

သင်​တန်​းတက်​​ရောက်​သူများတွင်​ ၊ ၀ှီးချဲအသုံးပြုသူများပင် ပါ၀င်သည်ဟု သိရပြီး မနွေးဇာခြည်စိုးမှ ကိုယ်ပိုင်ငွေအသုံးပြုကာ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သူသည် မသန်​စွမ်​းအသင်​းအဖွဲ့ဝင်ဖြစ်ခဲ့စဉ်  မီဒီယာပိုင်းမှတဆင့် အသိပညာ​ပေးလုပ်​ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly