မလေးရှားရေကြီးမှုကြောင့် လူပေါင်း ၂၃,၀၀၀ နေအိမ်များ စွန့်ခွာ

မလေးရှားရေကြီးမှုကြောင့် လူပေါင်း ၂၃,၀၀၀ နေအိမ်များ စွန့်ခွာ

ဇန်နဝါရီ ၄ ။            ။ မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်နှစ်ခုတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေခဲ့ရာ ဒေသခံ ၂၃,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်းနှင့် ကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ထားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။

မလေးရှား အရှေ့ဘက် ကမ်းရိုးတန်းဒေသများတွင် ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ကြံုတွေ့လာရတတ်သော ရေကြီးမှုကြောင့် ဒေသခံများကို ပုံမှန်လို ပြောင်းရွှေ့နေရာချထားပေးမှုများ ပြုလုပ်ထားခဲ့ရသည်။

ပြီးခဲ့သည့် ငါးရက်တွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ စာသင်ကျောင်း ၁၀၁ ကျောင်းထိ ပိတ်ထားခဲ့ရကြောင်းနှင့် လမ်းများလည်း သွားလာ၍ မရတော့ကြောင်း၊ နေရာဒေသတစ်ချို့တွင် မီးရထားပြေးဆွဲမှုများလည်း ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ယခုထက်ထိ Kelantan နှင့် Terengganu တို့တွင် ဖြစ်ပေါ်နေသည့် ရေကြီးမှုကြောင့် သေဆုံးသူ မရှိသေးကြောင်း သိရသည်။

နိုင်ငံတွင် လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်း ၁၃၉ ခုထိ ဖွင့်လှစ်ပေးထားရပြီး ရေဘေးသင့်ပြည်သူများကို နေရာချထားပေးလျက်ရှိကာ လိုအပ်သည့် အစားအသောက်နှင့်   ဆေးဝါးများ   ဖြည့်ဆည်းထောက်ပံ့ပေးထားကြောင်း Terenganu ဒေသမှ ဒေသတာဝန်ရှိသူတစ်ဦးဖြစ်သည့် Che Adam Abdul Rahman က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required