ဒေါ်နယ်ထရန့် သမ္မတရာထူးလက်ခံမည့် အခမ်းအနားသို့ ဟီလာရီ ကလင်တန် တက်ရောက်မည်

ဒေါ်နယ်ထရန့် သမ္မတရာထူးလက်ခံမည့် အခမ်းအနားသို့ ဟီလာရီ ကလင်တန် တက်ရောက်မည်
Photo -Reuters

ဇန်နဝါရီ ၄ ။              ။ အမေရိကန်ရွေးကောက်ပွဲအနိုင်ရရှိထားသူ ဒေါ်နယ်ထရန့် လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတရာထူး တရားဝင်လက်ခံရယူမည့်အခမ်းအနားသို့ ၎င်း၏ပြိုင်ဘက် ဟီလာရီကလင်တန်လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟီလာရီကလင်တန်မှာ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်အပြင် အခြားသော နိုင်ငံရေးသမားများနှင့် အတူ ယင်းအခမ်းအနားသို့ တက်ရောက်ရှိနေသည်။

အလားတူ နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကို တရားဝင် ရာထူးအပ်နှင်းမည့် သမိုင်းဝင်အခမ်းအနားတွင် ယခင် သမ္မတဟောင်းသုံးဦးထိ တက်ရောက်ရန်ရှိနေပြီး ဂျော့ဒဗလျူဘုရှ်အပြင် ဂျင်မီကာတာနှင့် ဘီလ်ကလင်တန်တို့လည်း တက်ရောက်ရန် ရှိနေသည်ဟု သိရသည်။

ကလင်တန်မောင်နှံနှင့် နီးစပ်သူများ၏ အဆိုအရ ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရန့်၏ အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ ဟီလာရီမှာ သူမ၏ ခင်ပွန်း ဘီလ်ကလင်တန်နှင့်အတူ ယင်းအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုသွားခဲ့သည်။

အလားတူ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လည်း ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ယင်းအခမ်းအနားသို့ တက်ရောက်မည်ဟု နီးစပ်သူများက ပြောသည်။

သို့သော် အခြားသော သမ္မတဟောင်းတစ်ဦးဖြစ်သည့် ဂျော့အိတ်ရှ်ဒဗလျူဘုရှ်မှာမူ ကျန်းမာရေးအခြေအနေကြောင့် ယင်းအခမ်းအနားသို့ တက်ရောက်နိုင်ဖွယ် မရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required