ခွဲစိတ်မှုတစ်ခုအတွင်း ဗီယက်နမ်အမျိုးသားတစ်ဦး၏ အစာအိမ်ထဲ ကျန်ခဲ့သည့် ကတ်ကြေးကို ၁၈ နှစ်ကြာပြီးမှ သိရှိကာ ပြန်လည် ဖယ်ထုတ်ခဲ့ရ

ခွဲစိတ်မှုတစ်ခုအတွင်း ဗီယက်နမ်အမျိုးသားတစ်ဦး၏ အစာအိမ်ထဲ ကျန်ခဲ့သည့် ကတ်ကြေးကို ၁၈ နှစ်ကြာပြီးမှ သိရှိကာ ပြန်လည် ဖယ်ထုတ်ခဲ့ရ

ဇန်နဝါရီ ၃ ။         ။ လွန်ခဲ့သော ၁၈ နှစ်အကြာက ပြုလုပ်ခဲ့သည့် ခွဲစိတ်မှုတစ်ခုအတွင်း ဗီယက်နမ်အမျိုးသားတစ်ဦး၏ ဗိုက်ထဲတွင် ကျန်နေရစ်ခဲ့သည့် ခွဲစိတ်သုံး ကတ်ကြေးတစ်လက်ကို ယခုအချိန်ကျမှ သိရှိကာ ပြန်လည်ဖယ်ထုတ်လိုက်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားပါတယ်။

အသက် ၅၄ နှစ်အရွယ် Ma Van Nhat ဆိုသူသည် ယခင် ခွဲစိတ်မှုတစ်ခု ပြုလုပ်ထားခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်စုနီးပါးကြာပြီးမှ အစာအိမ်နာကျင်ကိုက်ခဲမှုဝေဒနာခံစားလာရ၍ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာမှ ယခုကဲ့သို့ ဗိုက်ထဲ ကတ်ကြေးတစ်လက်ရှိနေသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ၁၉၉၈ ခုနှစ်က ကားအက်ဆီးဒင့်တစ်ခုဖြစ်ကာ ခွဲစိတ်ကုသမှုတစ်ခုကို ခံယူခဲ့ရပြီးနောက် ယင်းခွဲစိတ်မှုအတွင်း ၎င်း၏ ဗိုက်ထဲတွင် ကတ်ကြေးကျန်သွားခဲ့ခြင်းဖြစ်ပြီး ယခုအခါမှ   ပြန်လည်သိရှိ ခွဲစိတ်ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

အရှည် ၁၅ စင်တီမီတာ (၆ လက်မ) ရှိ ကတ်ကြေးကို ၎င်း၏ ၀မ်းဗိုက်အူမကြီးအနီးတွင် ရှိနေသည်ကို ဆရာဝန်များက စစ်ဆေးတွေ့ရှိခဲ့ရသည်။

ယင်းနောက် ၎င်းမှာ သုံးနာရီကြာ ခွဲစိတ်ကုသမှုခံခဲ့ရပြီးနောက် ကတ်ကြေးကို ပြန်လည်ဖယ်ရှားလိုက်နိုင်သည်ဟု Gang Thep Thai Nguyen ဆေးရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Ngo Trung Thang က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required