Final Fantasy: Brave Exvius ဂိမ်းထဲမှာ ပါ၀င်လာတော့မည့် အဆိုတော်မလေး Ariana Grande

Final Fantasy: Brave Exvius ဂိမ်းထဲမှာ ပါ၀င်လာတော့မည့် အဆိုတော်မလေး Ariana Grande

Ariana Grande ဟာ Final Fantasy ဂိမ်းထဲမှာ ဂိမ်းဇာတ်ကောင်အရုပ်အနေနဲ့အားဖြည့်ပါ၀င်လာတော့မည်ဖြစ် ပါသည်။သူ့ရဲ့ပုံစံကာတွန်းရုပ်ကလေးကိုထွက်ရှိတော့မည့် မိုဘိုင်းလ်ဖုန်းများဖြင့် ကစားနိုင်သော Final Fantasy: Brave Exvius ထဲတွင် ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး ဒါဟာ သူမမြင်ဖူးသမျှထဲက ချစ်စရာအကောင်းဆုံး ကာတွန်း ဇာတ်ကောင်လေး   ဖြစ်တယ်လို့ သိရပါသည်။

သူမရဲ့အင်စတာဂရမ်၌ “ကျမကိုယ်ကျမ မထိန်းချုပ်နိုင်လောက်အောင်ကို အရမ်းစိတ်လှုပ်ရှားနေပြီး ဒီဇာတ် ကောင်ရုပ်လေးကိုလည်း အရမ်းချစ်နေမိပါပြီ”လို့ရေးသားခဲ့ပါသည်။ Brave Exvius ဂိမ်းကိုစတင်ဖြန့်ချီခဲ့သည့် ၂၀၁၅ခုနှစ်ကတည်းက ဂျပန်နိုင်ငံတွင် Adroid နှင့် iOS တို့ဖြင့် အဆိုပါ ဂိမ်းကို ကစားသည့်သူ ၈သန်းကျော် လောက်ရှိကြောင်း သိရပါသည်။

Ariana ရဲ့ကာတွန်းဇာတ်ကောင် ရုပ်ကလေးကိုတော့ သူမရဲ့နောက်ဆုံးထွက်ရှိထားသောအယ်လ်ဘမ်နှင့် သီချင်းဗွီဒီယို Dangerous Woman တို့ရဲ့မျက်နှာဖုံးဓာတ်ပုံအား အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required