ဘရာဇီးမှ အမဲသားနှင့် ကြက်ဘဲများမြန်မာ တင်သွင်းမည်

ဘရာဇီးမှ အမဲသားနှင့် ကြက်ဘဲများမြန်မာ တင်သွင်းမည်

ရီယိုဒီဂျနေရိုး၊ ဇူလိုင် ၂၁ ။     ။ ဘရာဇီးနိုင်ငံမှ အမဲသားနှင့် ကြက်ဘဲသားများ တင်သွင်းမည်ဖြစ်ကြောင်း မြန်မာအစိုးရက အတည်ပြလိုက်ပြီဟု ဘရာဇီး စိုက်ပျိုးမွေးမြူရေးနှင့် ဖြည့်တင်းရေးဝန်ကြီး ကေရှာအက်ဘရူက ဇူလိုင်၂၁က ကြေညာခဲ့သည်။

ဘရာဇီးမှ မြန်မာသို့ တစ်နှစ်လျင် ဒေါ်လာ ၃၆ သန်းမှ ၄၅ သန်းအထိတန်ဘိုးရှိ ကြက်ဘဲတန်ချိန် ၁၂,၀၀၀မှ ၁၅,၀၀၀ အထိ တင်ပို့နိုင်မည်ဟု မျှော်လင့်ထားသည်။ အမဲသားကိုမူ ဒေါ်လာ ၄၂သန်းတန်ဘိုးရှိ တန်ချိန် ၁၀,၀၀၀ကို နှစ်စဉ်တင်ပို့နိုင်မည်ဟု မှန်းထားသည်။ ဘရာဇီးသည် မြန်မာသို့ လတ်ဆတ်သည့် အမဲသား တင်ပို့ခွင့်ရသည့် ပထမဆုံးနိုင်ငံဖြစ်သည်။

ယင်းသို့ တင်ပို့ခွင့်ရရေးအတွက် လွန်ခဲ့သည့် ရက် ၉၀ ကတည်းကစေ့စပ်ညိနှိုင်းများပြုလုပ်ခဲ့ သည်။

ဈေးကွက်ဖွင့်လှစ်လိုက်ချိန်တွင် မြန်မာသို့တင်ပို့လိုသော ကုမ္ပဏီများက အရည်အသွေး စစ်ဆေးမှု အတွက်တောင်းခံလွှာတစ်ခု တင်သွင်းနိုင်သည်။

"မြန်မာအစိုးရနည်းပညာရှင်တွေက စိုက်ပျိုးရေးဝန်ကြီးဋ္ဌာနမှာ ရှိနေခဲ့ပြီး ကျွန်မတို့ရဲ့ စိုက်ပျိုးရေးစီမံခန့်ခွဲမှုမူဝါဒကို တင်ပြပေးခဲ့ တယ်။ သူတို့က ကျွန်မတို့ လိုက်နာနေတဲ့ နိုင်ငံတကာအသိအမှတ်ပြုပုံစံတွေကို သိပါတယ်။ ဒါကြောင့် ဈေးကွက်ဖွင့်ဖို့ အတည်ပြု ခဲ့တာပါ"ဟု မစ္စအက်ဘရူက ပြောကြားခဲ့သည်။

အာရှနှင့် ရုရှရှိ ဈေးကွက်သစ်များဖွင့်လှစ်ရာတွင် ဘရာဇီးကုန်ပစ္စည်းများ တိုးတက်မှုရရှိပုံအား မစ္စအက်ဘရူက အလေးအနက်ပြောကြားခဲ့သည်။

ယင်းနိုင်ငံများရှိ ပြည်သူများသည် ၎င်းတို့၏ စားသောက်မှုဓလေ့ကို အနောက်နိုင်ငံများနှင့် တူအောင်လုပ်ဆောင်လျက် ရှိပြီးကော်ဖီနှင့် အမဲသားကဲ့သို့ အစားအစာများကို ပိုမိုစားသုံးလာသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဘရာဇီးသည် ကမ္ဘာပေါ်တွင် အမဲသားနှင့် ကြက်ဘဲကို အကြီးမားဆုံးတင်ပို့သူဖြစ်ပြီး ဝက်သားကို တတိယအကြီးဆုံး တင်ပို့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required