ခြစားမှုကိစ္စနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု စုံစမ်းစစ်ဆေးခံနေရ

ခြစားမှုကိစ္စနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု စုံစမ်းစစ်ဆေးခံနေရ

ဇန်နဝါရီ ၃ ။         ။ စီးပွားရေးလုပ်ငန်းရှင်ကြီးများထံမှ တံစိုးလက်ဆောင်ပဏ္ဍာများ လက်ခံရယူခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းနှင့် စပ်လျင်း၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုအား ဇန်နဝါရီလ ၂ ရက်တွင် ရဲတပ်ဖွဲ့က သုံးနာရီကြာ စုံစမ်းမေးမြန်းခဲ့သည်ဟု သိရသည်။

၀န်ကြီးချုပ်နှင့် ပတ်သက်နေသည်ဆိုသော ခြစားမှုကိစ္စများနှင့်စပ်လျင်း၍ စုံစမ်းစစ်ဆေးသွားရန် အစ္စရေး ရှေ့နေချုပ်က ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

၀န်ကြီးချုပ် နေတန်ယာဟုမှာ လုပ်ငန်းရှင်များ ပေးအပ်လာသော လက်ဆောင်များကို ရယူထားသည်ဆိုသည့် သံသယဖြင့် ယင်းနေ့က ဂျေရုဆလင်အလယ်ပိုင်းရှိ ၎င်း၏နေအိမ်သို့ စုံစမ်းစစ်ဆေးရေး ရဲများက သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

ယင်းစုံစမ်းစစ်ဆေးမှုမတိုင်မီကမူ နေတန်ယာဟုက ၎င်းအနေဖြင့် မည့်သည့် အမှားအယွင်းမှ ကျူးလွန်ထားခြင်းမရှိကြောင်း ပြောကြားထားသည်။

ဆက်လက်၍ လက်ရှိစုံစမ်းစစ်ဆေးမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required