ICBM ဒုံပျံစမ်းသပ်ပစ်လွှတ်ဖို့ နီးစပ်နေပြီလို့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျံုအန်းပြောကြား

ICBM ဒုံပျံစမ်းသပ်ပစ်လွှတ်ဖို့ နီးစပ်နေပြီလို့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျံုအန်းပြောကြား

ဆိုးလ်။            ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအမ်းဟာ ပြီးခဲ့သော တနင်္ဂနွေနေ့က ထုတ်လွှတ်ခဲ့သောရုပ်သံ မိန့်ခွန်းအစီအစဉ်၌ ၄င်းတို့ရဲ့ နိုင်ငံဟာ ကမ္ဘာ့တိုက်ကြီးအချင်းချင်းကြားထဲသို့ ပဲ့ထိန်းစနစ်ဖြင့်ပစ်လွှတ်နိုင်မည့် ဒုံးပျံစနစ် (ICBM) ကို စမ်းသပ်ပစ်လွှတ်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“နောက်ဆုံးပေါ်လက်နက်ကရိယာကြီးအတွက် သုတေသနနှင့် တီထွင်တိုးတက်မှုတို့ကို တက်တက်ကြွကြွလုပ် ဆောင်နေပြီး ICBM ဒုံးပျံစမ်းသပ်ပစ်လွှတ်ဖို့ အစီအစဉ်ဟာ အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါ တယ်” လို့ ရုပ်သံမိန့်ခွန်းတွင ်ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုန်းပျံစမ်းသပ်ပစ်လွှတ်မှုများကို ၂၀၁၆ခုနှစ်အတွင်း မကြံုစဖူးစမ်းသပ်မှုများပြုလုပ် နေပေမယ့် အချို့သောကျွမ်းကျင်ပညာရှင်တွေကတော့ အမေရိကန်ပြည်ထောင်စုအထိကို ရောက်ရှိနိုင်မည့် နျူကလီးယားထိပ်ဖူးတပ် ICBM ဒုံးပျံများကို တီထွင်တိုးတက်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်လိုအပ်နေသေး တယ်လို့ ပြောခဲ့ပါသည်။

Ref: Channel News Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly