မြန်မာ့ခရီးသွားလုပ်ငန်းစျေးကွက်မြှှုင့်တင်ရေး ဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းနှင့် 7 Minutes (အပိုင်း ၁)

01 January 2017
မြန်မာ့ခရီးသွားလုပ်ငန်းစျေးကွက်မြှှုင့်တင်ရေး ဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းနှင့် 7 Minutes (အပိုင်း ၁)

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး အသက်ဝင်လာတဲ့ စင်္ကာပူ-မြန်မာ နှစ်နိုင်ငံ ရက် ၃၀ ကြာ ဗီဇာလွတ်လပ်ခွင့်တွေကနေ နှစ်နိုင်ငံ စီးပွားရေး မြှင့်တင်ဖို့နဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာတွေဆိုပြီးတော့ မျှော်လင့်ချက်တွေက ရှိလာပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ 7 minutes ဆွေးနွေးချက်တွေကိုတော့ မြန်မာ့ခရီးသွားလုပ်ငန်း   စျေးကွက်မြှင့်တင်ရေးရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်မေမြတ်မွန်ဝင်းနဲ့ ကျွန်တော်က အခုပဲ ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့နိုင်ငံရဲ့ စင်ကာပူ-မြန်မာ ချစ်ကြည်ရေး နှစ် ၅၀ ကြာလာပြီးမှာ ဒီလိုမျိုးအခွင့်အရေးတွေ ရလာပြီပေါ့နော်။ ဆိုတော့ မြန်မာကနေ စင်ကာပူကို ရက်ပေါင်း ၃၀ ကြာ ဗီဇာကွင်းလွတ်ခွင့် သွားလို့ရသလို အပြန်အလှန်အားဖြင့် စင်ကာပူကနေလည်း ကျွန်တော်တို့နိုင်ငံကို ရက် ၃၀ ကြာ ခရီးသွားလုပ်ငန်းတွေ ခရီးသွားတွေ ဝင်ရောက်လို့ ရလာမယ်ခင်ဗျ။ ဆိုတော့ ဒီကနေတော့ မျှော်မှန်းချက်တွေက မြန်မာ့ခရီးသွားလုပ်ငန်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမယ် ဒီအပေါ်မှာလည်း ဟိုတစ်လောက ဝန်ကြီးကလည်း ပြောခဲ့တယ် မြန်မာ့အစိုးရပေါ့နော် စင်ကာပူရဲ့ ခရီးသွားလုပ်ငန်းဟာ ၃၅ ရာခိုင်နှုန်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာဖို့ မြင့်တက်လာဖို့လည်း မျှော်လင့်လာတယ်လို့ ပြောတယ်ခင်ဗျ။ ပြီးတော့လည်း မြန်မာ့ခရီးသွား စျေးကွက်မြင့်တင်ရေး လုပ်ငန်းတွေအနေနဲ့လည်း ရှေ့နှစ် အစောပိုင်းမှာ မြန်မာ့ခရီးသွားပွဲတော်ကို စင်ကာပူနိုင်ငံမှာ ပထမဦးဆုံးအကြိမ် လုပ်ဖို့ဆိုပြီးတော့ သွားပြီးတော့ ဒီဇင်ဘာလ ၁ ရက် ၂ ရက်နေ့တွေမှာလည်း သွားဆွေးနွေးခဲ့တာ တွေ့ရတယ်ခင်ဗျ။ အရင်ဆုံးသိချင်တာက အဲဒီပွဲတော် ဖြစ်မြောက်ဖို့အတွက် ဘာတွေကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့တာရှိလဲခင်ဗျ။

ဟုတ်ကဲ့ပါ။ မင်္ဂလာပါရှင် မေးခွန်းက အရမ်းရှည်တော့ ကျွန်မလည်း ရှည်ရှည်တော့ ပြောပါရစေ။ ပထမဆုံးကတော့ ဒီဇင်ဘာ ၁ ရက်ကနေ စပြီးတော့ အသက်ဝင်လာတဲ့ စင်ကာပူ-မြန်မာ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ပေါ့လေ။ ဆိုတော့ ဒီ ဖြစ်ပေါ်တိုးတက်မှုကို ကျွန်မတို့က အများကြီး ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံဆိုတာ သူစိမ်းတွေမှ မဟုတ်ကြတာ။ ဒါပေမယ့် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုအနေနဲ့ ကြည့်တဲ့အခါမှာ ကျွန်မတို့ စင်ကာပူက သိပ်ပြီးတော့ အားရစရာ သိပ်မကောင်းသေးဘူးပေါ့။ မြန်မာပြည်ကိုဝင်တာကို ပြောပြပါတယ်။ အဲတော့ ဒီနှစ်ဆိုရင် ကျွန်မတို့ စင်ကာပူကနေ မြန်မာပြည်ကို အဝင်က ၄၆၀၀၀ လောက်ပဲ ရှိသေးတယ်။ ပြောမယ်ဆိုရင်တော့ ဒီထက်အများကြီး ပိုသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ပြန်ကြည့်တဲ့အခါမှာ ၂၀၁၅ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ အောက်ပေါင်းထွက်ကြတဲ့ အပြင်ကိုထွက်ကြတဲ ့လူအရေအတွက်က ၉ သန်းရှိပါတယ်။ သူတို့နိုင်ငံက လူဦးရေက 5.6 မီလီယံပဲ ရှိတယ်။ ဆိုတော့ ၉ သန်းရှိတယ်ဆိုတော့ လူတစ်ယောက်က ပျမ်းမျှတွက်မယ်ဆိုရင် တစ်နှစ်ကို နှစ်ခေါက်နည်းနည်း ထွက်တယ်လို့ ယူဆိုလို့ရတာပေ့ါ။ သူ့ဘာသာသူ အိမ်နီးချင်းကို သွားချင်သွားမယ် မလေးရှားကိုသွားတာလည်း ပါနိုင်ပါတယ်။ နောက် အဝေးကိုသွားတာလည်း ပါနိုင်တယ်။ ဆိုတဲ့အခါ ကိုယ့်ဆီကိုရောက်လာတာက ၄၆၀၀၀ ပဲ ရှိသေးတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ ဖြစ်နိုင်ချေအများကြီး ရှိတယ်လို့ မြင်ပါတယ်။ အဲတော့ မြန်မာပြည်တင်မကပါဘူး ခရီးတော်တော်များများကို သွားဖို့ဆိုတာက ခရီးသွားတွေ သွားရေးလာရေး လွယ်ကူအောင် ဗီဇာကလည်း အကြောင်းအရင်းတစ်ချက် ပါပါတယ်။ အခုလိုမျိုး ဗီဇာကင်းလွတ်ခွင့်ရှိသွားပြီဆိုတဲ့အခါမှာ စင်ကာပူလူမျိုးတွေ စင်ကာပူနိုင်ငံက သူတို့အတွက် အချိန်က သူတို့အတွက် အင်မတန်ရှားတဲ့အခါကျတော့ သူတို့ ခရီးသွားလုပ်တဲ့ Plan ပေါ့နော် အဲဒါတွေကိုက အချိန်တိုတိုနဲ့ လုပ်လေ့ရှိပါတယ်။ ဒီလိုမျိုးလုပ်လေ့ရှိတဲ့ ခရီးသွားတွေအတွက်ကို ကျွန်မတို့က အရမ်းကို အဆင်ပြေသွားတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခါ အခုချိန်မှာ မြန်မာပြည်ကို လာနေတဲ့ စင်ကာပူနိုင်ငံသားတွေက များသောအားဖြင့် စီးပွားရေးအတွက်နဲ့ လာတာများတယ်။ ရ၀ ကနေ ၈၀ ရာခိုိင်နှုန်းလောက်ထိ ရှိမယ်လို့ ကျွန်မထင်ပါတယ်။ အဲတော့ သက်သက် အပန်းဖြေလာတဲ့သူတွေက သိပ်ပြီးတော့ နည်းသေးတယ်။ ကျွန်မ ခုနကပြောခဲ့သလိုပါပဲ ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျွန်မတို့ သွားပြီးတော့ ပထမဆုံးအကြိမ် ဟိုအရင်ကလည်း လုပ်ခဲ့ဖူးပါတယ် အခု ပြန်လုပ်တာပါ အဲဒီ Road Show လေးကို သွားလုပ်ပါတယ်။ Road Show က Business Machine သဘောမျိုးပဲ Public ကို ကျွန်မတို့ မဖွင့်ပါဘူး။ စိတ်ဝင်စားအောင် မြန်မာပြည်က ဒီလူတွေလာမယ် မင်းတို့ စိတ်ဝင်စားအောင် Travel Company တွေပေါ့လေ စိတ်ဝင်စားတဲ့သူတွေ Resister လုပ်ပါဆိုပြီးတော့ ကျွန်မတို့တွေ လုပ်ခဲ့ပါတယ်။ ဒါလေးကိုလုပ်တာလည်း အချိန်ကတော့ တော်တော်တော့ ကပ်တယ်ပေါ့နော်။ ကျွန်မတို့ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားတဲ့အချိန်နဲ့ ကိုက်ပြီးတော့ .........

ဆိုတော့ MDM ပေါ့။ မြန်မာ့ခရီးသွား စျေးကွက်မြင့်တင်ရေးက ဦးဆောင်ပြီးတော့ သွားတာပေါ့နော်။ ဆိုတော့ ဒီက ခရီးသွားကုမ္ပဏီ ဘယ်နှစ်ခုလောက်ပါလဲ ခင်ဗျ။

၁၂ ခုပါ။ အဲဒီအချိန်ကိုတော့ ကျွန်မတို့ တော်တော်တော့ အချိန်တိုက်ဖြစ်တယ်။ ဒါပေမယ့် ရသလောက်ကို ကျွန်မတို့လည်း ဆွဲပြီးတော့ သွားလိုက်တယ်။ ဒီကသွားပြီးတော့ သွားရောင်းတယ်ပဲ ဆိုပါတော့။ စျေးရောင်းသူရယ် ဟိုကနေ လာဝယ်တဲ့ စျေးဝယ်သူတွေအတွက်ကို ကျွန်မတို့က Market Place ဆိုပြီးတော့ စျေးလေးတစ်ခု ဖန်တီးပေးလိုက်တာပေါ့။ သွားရောင်းတဲ့သူက ၁၂ ယောက် လာဝယ်တဲ့သူက ၅၀ ကျော်ရှိပါတယ်။ ဆိုတော့ ရလဒ်ကိုကြည့်မယ်ဆိုရင်တော့ မဆိုးဘူးပေါ့လေ။ သွားရောင်းတဲ့သူတွေလည်း တော်တော်များများက ကျွန်မလည်း အဲဒီနေ့မှာပဲ သိလိုက်တာက ဘာလဲဆိုတော့ ကိုယ်က စိတ်ထဲမှာထင်တာက စင်ကာပူသည်လည်း အာဆီယံနိုင်ငံဖြစ်သလို ကိုယ်နဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တယ် သူက ကိုယ့်အကြောင်းကို သိလိုက်မယ်လို့ထင်တာ တကယ့်တကယ်လည်းကျရော သူက ကိုယ့်နိုင်ငံအကြောင်းကို တော်တော်မသိဘူး။ မြန်မာပြည်ဆိုလို့ရှိရင် Yes မြန်မာပြည်သိတာပေါ့ ငါတို့တွေ ဘုရားကိုသိတယ် ဖိနပ်ချွတ်ရတယ်ဆိုတဲ့အကြောင်းကို သူတို့သိတယ်။ ရွှေတိဂုံဘုရားကို သူတို့ ကောင်းကောင်းသိတယ်။ မြန်မာပြည်က ဒါပဲပေါ့ ကျန်တဲ့ဟာတွေ သူတို့မှာ သိပြီးတော့ .........

ယဉ်ကျေးမှု ရိုးရာလောက်ပဲ သူတို့သိတာပေါ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အရင်းအမြစ်တို့ နေရာတို့ဘာတို့ သူတို့ လုံးဝမသိဘူးဆိုတဲ့ သဘောပေါ့နော်။ ဆိုတော့ အဲဒီအတွက်ရော ဘာတွေများ အထူးတလည် ဆွေးနွေးစရာရှိလဲ ......

အဲဒါက Promotion ပေါ့။ ကျွန်မတို့ ခရီးသွားမြင့်တင်ရေးလုပ်ငန်းကလည်း ဒါကိုပဲလုပ်တာပါ။ Promotion က ခုနကပြောသလို လွန်ခဲ့တဲ့ ၁၀ နှစ် ၁၂ နှစ်လောက်က တစ်ခါသွားပြီးတော့ လုပ်လိုက်တယ်။ လုပ်ပြီးတော့ ရပ်သွားတယ်။ ဆိုတော့ Promotion လုပ်တယ်ဆိုတဲ့အခါမှာ ဘာကိုမဆို အဆက်မပြတ်ပေါ့ အခုတစ်ခါသွားလုပ်ပြီး နောက်တစ်ခါမသွားရင် သူတို့က မေ့သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ပြိုင်နေရတာလေ ထိုင်းနဲ့ပြိုင်ရတယ် စင်ကာပူ Market ကို သွားတဲ့အခါမှာ တရုတ်နိုင်ငံနဲ့ ပြိုင်ရတယ်။ ဘေးမှာရှိတဲ့ အင်ဒိုနီးရှားတို့ မလေးရှားတို့ ဖလစ်ပိုင် ဒီနိုင်ငံတွေက ပြိုင်ရတယ်ဆိုပေမယ့် သူတို့တွေကလည်း စဉ်ဆက်မပြတ် ကြိုးစားနေတယ်။ 9.6 မီလီယံ စင်ကာပူကနေ အောက်ပေါင်း Market ကို လိုချင်တဲ့အတွက်ကြောင့်မို့ ကိုယ်က တစ်ခါပဲလုပ်ပြီးတော့ ရပ်သွားလို့မဖြစ်ဘူး။ ဒါကြောင့်မို့ ကျွန်မတို့က စဉ်ဆက်မပြတ် ကျွန်မတို့က Road Show တွေလုပ်တာမျိုး နောက်တစ်ခါ အွန်လိုင်းပေါ့နော် အွန်လိုင်းကနေတစ်ဆင့် ပြီးတော့ မီဒီယာ Public Relation ဘက်ကနေ မီဒီယာကိုသုံးပြီးတော့ပဲ ဆက်ပြီးတော့ တောက်လျှောက် Promotion လုပ်သွားဖို့ရှိပါတယ်။ အဲတော့ ရောက်တော့ Product ကို ကိုယ့် Product အကြောင်းကို ပြောတဲ့အခါကျမှ လူတွေက ခရီးသွားတဲ့အခါမှာ အကြောင်းအမျိုးမျိုးနဲ့ သွားကြပါတယ်။ တချို့ကကျတော့ စျေးဝယ်ချင်တယ်။ တချို့ကကျတော့ စီးပွားရေးအတွက် လာရင်းနဲ့ တစ်ရက်နှစ်ရက်လောက် ပိုနေပြီးတော့ ကျွန်မတို့ခေါ်တာက ဗလက်ချာလို့ ခေါ်ပါတယ်။ ဒီ ဗလက်ချာ အက်စက်မန့်က တော်တော်အရေးကြီးတယ်။ ဒါပေမယ့် သူတို့က ငါတို့နှစ်ရက်နေရာ ဘာလုပ်ရမှာလဲဆိုတော့ ဘာလုပ်စရာတွေ ရှိလဲဆိုတာကိုတော့ ကျွန်မတို့က ပြောပြရတာပေါ့။ သူတို့ရဲ့ Family ခေါ်လာလို့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ အိမ်သူသက်ထားကို ခေါ်လာလို့ရတယ်။ မြန်မာပြည်မှာ Romantic Travel အတွက်ဆိုရင် သိပ်ကို သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်ဆိုပြီးတော့ ကျွန်မတို့ ပြောပြခဲ့ပါတယ်။ နောက်တစ်ခါ အစားအသောက် စင်ကာပူကလူတွေက အစားအသောက် ကြိုက်ကြတယ်။ ကြိုက်ကိုကြိုက်တာ သူတို့က မြန်မာပြည်က Food ဆိုရင် သူတို့ထင်နေတာက ဒီ ဆီပြန်ဟင်း အနှစ်တွေများများနဲ့ချက်တဲ့ ဆီပြန်ဟင်းလို့ပဲ ထင်တယ်။ တကယ်တော့ ကျွန်မတို့ဆီမှာ ခေါက်ဆွဲဆိုရင်လည်း အများကြီး တို့ဟူးဆိုလည်း တို့ဟူးကို လုပ်ထားတာတွေ အများကြီးရှိတယ်။ အသုတ်ဆိုရင်လည်း အသုတ်ဆိုတာ အသီးအရွက်နဲ့ လုပ်ထားတဲ့ အသုတ်တွေဆိုရင်လည်း အများကြီးရှိတယ်။ ဟင်းချိုဆိုရင်တောင်မှ အမျိုးမျိုးလုပ်ထားတဲ့ ဟင်းချိုတွေ ရှိတယ်ဆိုတော့ ဒီဟာတွေကိုပါ ကျွန်မတို့က ဘယ်လိုပြောရမလဲဆိုတော့ မိတ်ဆက်ပြရမယ်။

ကျွန်တော်တို့ဆီးမှာကလည်း တိုင်းရင်းသားလူမျိုးတွေက ရ မျိုးအပြင်ကို တကယ့် လူမျိုးစုကလည်း ၁၃၅ မျိုးဆိုပြီးတော့ သူတို့ကိုယ်ပိုင် ပိုင်ဆိုင်တဲ့ အစားအသောက်တွေကို ဒါတွေကိုလညး် အမတို့ ချပြသင့်တယ်ပေါ့။

ဟုတ်ပါတယ်။ ဒါတွေကိုလည်း ကျွန်မတို့က ချပြဖို့အတွက် ခုနကမေးတဲ့ မေးခွန်ထဲမှာပါတဲ့ January လမှာ သွားဖို့ရှိတယ်ဆိုတာ အဲဒီအတွက်လည်း ပါပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags