ဥရောပသွင်းဂိုးအများဆုံး ပူးတွဲကစားသမားဖြစ်မည့် အခွင့်ရေးလုယူခံလိုက်ရသည့် အီဘရာဟီမိုဗစ်ကို မော်ရင်ဟို စာနာ

ဥရောပသွင်းဂိုးအများဆုံး ပူးတွဲကစားသမားဖြစ်မည့် အခွင့်ရေးလုယူခံလိုက်ရသည့် အီဘရာဟီမိုဗစ်ကို မော်ရင်ဟို စာနာ

ဇန်နဝါရီ ၁၊ မန်ချက်စတာ။          ။ မက်ဆီနှင့်အတူ ၂၀၁၆ ပူးတွဲ ဥရောပသွင်းဂိုးအများဆုံးကစားသမားဖြစ်စေနိုင်သည့်အခွင့်ရေးမှာ ကွင်းလယ်ဒိုင်လီမက်ဆင်၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ဖြင့်လုယူခံလိုက်ရသည့် တိုက်စစ်မှူးအီဘရာဟီမိုဗစ်အတွက်စာနာကြောင်း မော်ရင်ဟိုက ပြသခဲ့သည်။

အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းက မစ်ဒယ်ဘရော့ကို ၂-၁ ဖြင့်အနိုင်ရသည့်ပွဲတွင် အီဘရာဟီမိုဗစ်သည် မာရှယ်၏ဖြတ်တင် ဘောကို ဂိုးရရန်အတွက်သာကြိုးစားခဲ့ပြီး အန္တရာယ်ဖြစ်စေရန်ရည်ရွယ်သည့် ကစားပုံမျိုးမဟုတ်ဟု ယူဆနေသည်။

ကွင်းလယ်ဒိုင် လီမက်ဆင်က အီဘရာဟီမိုဗစ်၏ညာခြေထောက်သည် ဘောလုံးကိုထိသည့်အခါ အန္တရာယ်ဖြစ်စေလောက် သည့်အမြင့်ထိမြောက်တက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ပြီး ကွင်းတွင်းရှိ ပရိသတ်များကမူ အီဘရာဟီမိုဗစ် ဘောလုံးထိပြီးမှ ဂိုးသမားဗဲလ်ဒက်စ်က ပြစ်ဒဏ်ဘောရရှိရန်ရည်ရွယ်ချက်ဖြင့် ပြေးဝင်သွားခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

ကမ္ဘာ့ဖလားဒိုင်လူကြီးဟောင်း ဟောင်းဝက်ဒ် ဝက်ဘ်က “ဒါက မိုက်မဲမှုတစ်ခုပါ။ ဇလာတန်က ကြံ့ခိုင်သန်မာသူဖြစ်ပြီးတော့ သူ့ခြေထောက်ကိုမြှောက်ခဲ့ပေမယ့် ဂိုးသမားနဲ့ နှစ်မီတာအတွင်းမှာ ရှိမနေပါဘူး။

အန္တရာယ်ဖြစ်စေတဲ့ကစားပုံအတွက် ဂိုးမပေးရပါဘူး။ ဒါပေမဲ့ အခုဟာက အန္တရာယ်ဖြစ်စေတဲ့ ကစားပုံမဟုတ်တဲ့အတွက် ပေးသင့်တဲ့ဂိုးပါ”ဟု ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ဘာစီလိုနာအတွက်မက်ဆီသွင်းယူထားသောဂိုးအရေအတွက်နှင့်တူညီစေမည့် အဆိုပါ ၃၉ မိနစ် သွင်းဂိုးမှာ ခွင့်ပြုသင့်သည့်ဂိုးဟု မော်ရင်ဟိုကလည်း ဆိုသည်။

“လီမက်ဆင်ဟာ အခုဆိုရင် သူ့ဆုံးဖြတ်ချက်မှားသွားမှန်းသိပြီး စိတ်ပျက်နေလောက်ပါပြီ။ အဲဒီဂိုးက အီဘရာဟီမိုဗစ်ကို ၂၀၁၆ အတွင်း မက်ဆီသွင်းတဲ့ဂိုးအရေအတွက်ကို လိုက်မီစေမှာပါ။ ဒါကြောင့် မက်ဆီလိုအစွမ်းအစမျိုးရှိတဲ့ ကစားသမားတစ်ယောက် ကို တားဆီးလိုက်တာက တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required