မြန်မာကျပ်ငွေ တန်ဖိုး ဆက်ကျနေ

မြန်မာကျပ်ငွေ တန်ဖိုး ဆက်ကျနေ

မြန်မာကျပ်ငွေတန်ဖိုးမှာ အစိုးရက ငွေတန်ဖိုးကျလာခြင်း ရပ်သွားအောင် ကြိုးစားနေသည့်ကြား ဒေါ်လာနဲ့ယှဉ်လျှင် ဇူလိုင် ၂၀ ရက်ဈေးနှုန်းတွင် ထပ်မံကျဆင်းခဲ့ကြောင်း သည်နေးရှင်းသတင်းတွင် ဇူလိုင် ၂၀ ရက်က ဖော်ပြသည်။

ဗဟိုဘဏ်က တရားဝင်ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၂၃၀ ကျပ် သတ်မှတ်ခဲ့ရပြီး ၂၀၁၂ ဧပြီမှ စတင်ကာ တရားဝင်ငွေလဲလှယ်နှုန်းပြုပြင်ပြောင်းလဲသတ်မှတ်မှုများလုပ်ခဲ့စဉ်မှစ၍ ၅၀ ရာခိုင်နှုန်းနီးပါး တန်ဖိုးကျဆင်းနေခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင်မူ တစ်ဒေါ်လာလျှင် ၁၃၀၀ ခန့် ဈေးပေါက်လျက်ရှိကြောင်း၊ ယင်းနှုန်းထားသည် ၂၀၀၇ ခုနှစ်က ပြင်ပဈေးတွင် ဒေါ်လာအရောင်းအဝယ်ဖြစ်ခဲ့သည့် နှုန်းထားသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly