ဂျပန်တွင် အဆောက်အအုံတစ်ခု၏ ငါးလွှာ ကားပါကင်မှ ကားတစ်စီးပြုတ်ကျခဲ့ပြီး သုံးဦးသေဆုံး

ဂျပန်တွင် အဆောက်အအုံတစ်ခု၏ ငါးလွှာ ကားပါကင်မှ ကားတစ်စီးပြုတ်ကျခဲ့ပြီး သုံးဦးသေဆုံး

ဒီဇင်ဘာ ၃၁ ။               ။ ဂျပန်နိုင်ငံတွင် ဒီဇင်ဘာလ ၃၁ ရက်က အဆောက်အအုံတစ်ခု၏ ငါးလွှာကားပါကင်တစ်ခုပေါ်မှာ SUV ကားတစ်စီး ပြုတ်ကျလာခဲ့ရာ ယာဉ်ပေါ်ပါ ငါးဦးအနက် သုံးဦး   သေဆုံးသွားကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းကားမှာ တိုကျိုမြို့တောင်ဘက် Yokosuka မြို့ရှိ ငါးထပ်ကားပါကင်တစ်ခုပေါ်မှ မြေပြင်သို့ ပြုတ်ကျလာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ရုပ်သံပြကွက်များအရ ယင်းအဆောက်အအုံငါးလွှာကို ကာရံထားသော သတ္ထုအကာများမှ ကျိုးပျက်ကာ ကားတစ်စီး အောက်သို့ ထိုးစိုက်ကျလာသည်ကို တွေ့မြင်ရသည်။

" အသံကတော်တော်ကြီးကို ကျယ်ပါတယ်၊ တံတိုင်းအကာတွေ ပြုတ်ထွက်လာပြီးတော့ ကားပါ အောက်ကို ကျလာတော့တာပါပဲ" ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသွားသည်။

သေဆုံးသွားသူများထဲတွင် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး၊ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ရ၀ အရွယ်အမျိုးသမီးကြီးတစ်ဦးတို့ ပါ၀င်ကြောင်းနှင့် အသက် ၂၀ နှင့် ၁၁ နှစ်အရွယ် ယောကျ်ားလေးများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required