နှစ်သစ်ကူးည ရန်ကုန်မြို့ရှိ လူစည်ကားရာ အဓိကနေရာများတွင် လုံခြံုရေး တိုးမြှင့်ချထားမည်

နှစ်သစ်ကူးည ရန်ကုန်မြို့ရှိ လူစည်ကားရာ အဓိကနေရာများတွင် လုံခြံုရေး တိုးမြှင့်ချထားမည်
ဓာတ်ပုံ - ဟိန်းထက် ၊မဇ္ဈိမ
 

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ။            ။ ၂၀၁၇ခုနှစ် နှစ်သစ်ကူးညတွင် မလိုလားအပ်သည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဒေသကြီးရှိ လူစည်ကားသည့် အဓိကနေရာများ လုံခြံုရေးများ တိုးမြှင့်ချထားမည်ဖြစ်ကြောင်း သိရသည်။

“ ထွေအုပ်ရော၊  မီးသတ်တပ်ဖွဲ့ရော၊ စည်ပင်ရဲရော၊  ကြက်ခြေနီတွေရော၊  စီအိုင်ဒီတွေရော အားလုံးပေါင်းပြီးတော့ နယ်မြေရဲဆိုရင် ဖွဲ့စည်းပုံရဲ့ ၃၀ ရာခိုင်နူန်း အင်အားသုံးထားတယ် ” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ပြောဆိုသည်။

အင်းလျားကန်(ကမ္ဘာအေးလမ်းဘက်ခြမ်း)၊ အင်းလျားကန်( ပြည်လမ်းဘက်ခြမ်း)၊ အင်းလျားကန် အနီးရှိ IBC  အဆောက်အဦအနား၊ ကန်တော်ကြီး အတွင်းအပြင်ပတ်လည်မှာရှိတဲ့ နေရာများနှင့် စတိတ်စင်များ အစရှိသည့် အဓိကနေရာ ငါးခုတွင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ ရှိရင်း ရဲတပ်ဖွဲ့အင်အားကနေ ၃ဝ ရာခိုင်နှုန်းကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်မဖွဲ့မှူးရုံးမှ သိရသည်။

အင်းလျားကန်ဘောင်၊ ကန်တော်ကြီးဥယျာဉ်နှင့် ပြည်သူ့ဥယျာဉ်တို့တွင် လှည့်ကင်းကားဖြင့် လှည့်လည်စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

နှစ်ကူးညတွင် မိုင်ဒါကွင်းနှင့် ကန်တော်ကြီးမျှော်စင်ကျွန်းရှိ အခမဲ့ဖျော်ဖြေပွဲများအပါအဝင် ဖျော်ဖြေပွဲ ၅ ပွဲခန့်ရှိနေသည်။

အရက်ဆိုင်၊ ဘီယာဆိုင် ၊ ကေတီဗီနှင့် အနှိပ်ခန်းများကို ပုံမှန်အတိုင်းဖွင့်လှစ်ခွင့်ပြုထားပြီး ပိတ်ရန်အချိန်သတ်မှတ်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းရဲတပ်မဖွဲ့မှူးရုံးမှ အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required