ဆင်စွယ်အရောင်းအဝယ် ကုန်သွယ်မှုအား ပိတ်ပင်မည်ဖြစ်ကြောင်း တရုတ်ကြေညာ

ဆင်စွယ်အရောင်းအဝယ် ကုန်သွယ်မှုအား ပိတ်ပင်မည်ဖြစ်ကြောင်း တရုတ်ကြေညာ

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ။                ။ ဆင်စွယ်အရောင်းအဝယ်လုပ်ခြင်း၊ အသုံးချခြင်းများကို ၂၀၁၇ ခုနှစ်မကုန်မီ ပိတ်ပင်သွားမည်ဖြစ်ကြေင်း တရုတ်နိုင်ငံက ကြေညာသည်။

ယင်းလုပ်ဆောင်ချက်က သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ပြီး ဆင်များ၏ အနာဂတ်အတွက် ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အုပ်စုများက ချီးမွှမ်းကြိုဆိုသည်။

တရုတ်နိုင်ငံ၏ ယခုလုပ်ဆောင်မှုသည် အောက်တိုဘာလအတွင်းက တောင်အာဖရိက၌ ပြုလုပ်ခဲ့သည့် မျိုးသုဉ်းပျောက်ကွယ်မည့်ဘေးအန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ညီလာခံ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတွင် အကြီးဆုံးဆင်စွယ်စျေးကွက်ဖြစ်နေပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ရ၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံကဖြစ်သည်။

တရုတ်စျေးကွက်၌ ဆင်စွယ် တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၁၀၀ ဒေါ်လာအထိ စျေးရသည်။

နိုင်ငံတော်ကောင်စီ၏ ဆင်စွယ်ကုန်သွယ်မှု ပိတ်ပင်ခြင်းကို ဒီဇင်ဘာ ၃၀ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

မတ် ၃၁ ရက်တွင် စတင်ကာ ဆင်စွယ်အရောင်းအဝယ်ကုန်သွယ်မှုများကို ရပ်ပစ်ရမည်ဖြစ်ကာ မှတ်ပုံတင်ထားသည့် ကုန်သည်များ၏ အရောင်းအဝယ်ပြုလုပ်ခြင်းများကိုလည်း တစ်ဖြည်းဖြည်း ရပ်ဆိုင်းပစ်မည်ဖြစ်ကာ ၂၀၁၇ ခုနှစ်မကုန်မီ စျေးကွက်တစ်ခုလုံး ရပ်တန့်စေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags