AFC Cup ဝင်ပြိုင်ရမည့် မကွေးအသင်း ပြည်ပကစားသမားသုံးဦး စာချုပ်ခေါ်ယူ

AFC Cup ဝင်ပြိုင်ရမည့် မကွေးအသင်း ပြည်ပကစားသမားသုံးဦး စာချုပ်ခေါ်ယူ
မကွေးအသင်းစာချုပ်ခေါ်ယူခဲ့သည့် တိုက်စစ်မှူး ဆယ်လာ။ (ဓာတ်ပုံ- Magwe FC)

ဒီဇင်ဘာ ၃၀၊ ရန်ကုန်။        ။ ၂၀၁၇ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြင် AFC Cup ပြိုင်ပွဲကိုပါ မြန်မာနေရှင်နယ်လိဂ် ကိုယ်စားပြုဝင်ပြိုင်ရမည့် မကွေးအက်ဖ်စီအသင်းမှာ   ပြည်ပကစားသမား သုံးဦးကို စာချုပ်ခေါ်ယူနိုင်ခဲ့သည်။

မကွေးအသင်းခေါ်ယူခဲ့သည့်ကစားသမားများမှာ ပြီးခဲ့သည့်ရာသီက ကစားသမားသမားဟောင်းနှစ်ဦးဖြစ်သော နိုက်ဂျီးယားခံစစ်မှူး မိုက်ကယ်၊ ဂူနီယာတိုက်စစ်မှူး ဆယ်လာ၊ မာလီနောက်ခံလူ ဂျင်ပေါလ် တို့ဖြစ်သည်။ AFC Cup တွင် ကစားသမားခေါ်ယူမှုစည်းမျဉ်းမှာ အာရှပြင်ပကစားသမား သုံးဦး၊ အာရှကစားသမားတစ်ဦး ခေါ်ခွင့်ရှိသော်လည်း မကွေးအသင်းအနေဖြင့် အာရှကစားသမားခေါ်ယူတော့မည် မဟုတ်ဟု သတင်းထုတ်ပြန်ထားသည်။

မကွေးအက်ဖ်စီအသင်းမှာ ၂၀၁၇ AFC Cup ပြိုင်ပွဲ အုပ်စု(စ)တွင် မလေးရှားကလပ် ဂျိုဟိုး၊ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အက်ဖ်စီ(သို့) လိုယိုလာ၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်း(သို့) လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့်တစ်အုပ်စုတည်းကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required