မန်ချက်စတာယူနိုက်တက်အသင်း အသုံးပြုမည့် အကျႌဒီဇိုင်းသစ် ပေါက်ကြား

မန်ချက်စတာယူနိုက်တက်အသင်း အသုံးပြုမည့် အကျႌဒီဇိုင်းသစ် ပေါက်ကြား

ဒီဇင်ဘာ ၃၀၊ မန်ချက်စတာ။         ။ လာမည့်ရာသီအတွက် မန်ချက်စတာယူနိုက်တက်အသင်း၏ တတိယဝတ်စုံဟုယူဆရသော အကျႌဒီဇိုင်းသစ်မှာ ကြိုတင် ပေါက်ကြားနေသည်။

ယင်းအကျႌ၏အရောင်မှာ အသင်း၏အစဉ်အလာ အရောင်များဖြစ်သော အနီ၊ အဖြူ၊ အနက်၊ အပြာ တို့မှလည်း ခွဲထွက်ကွဲပြား နေသည်။

အကျႌအရောင်မှာ ငွေရောင်နှင့် မီးခိုးရင့်ရောင် တွဲဆက်ထားပြီး ပရိသတ်များအတွက် အပိုဆုဒီဇိုင်းတစ်ခုလည်း ပေါင်းစပ်ထားသည်။

ဂုဏ်ပြုထိုက်သောကစားသမားဟောင်းများပုံကိုထည့်သွင်းအသုံးပြုပေးရန် ယူနိုက်တက်ပရိသတ်များက ဝတ်စုံဒီဇိုင်းနာ အက်ဒီးဒက်စ်ကို တောင်းဆိုမှုများရှိခဲ့သည်။

သို့ဖြစ်ရာ အိုးထရက်ဖို့ဒ်ကွင်းပြင်တွင် ရုပ်တုဖြင့်ဂုဏ်ပြုထားသည့် ဂျော့ချ်ဘက်စ်၊ ဒင်းနစ်လောနှင့် ဘော်ဘီချာလ်တန်တို့၏ ပုံရိပ်မှာ အကျႌအောက်နားတွင် ထည့်သွင်းခံရရန်ရှိနေသည်။

ယူနိုက်တက်သည် ၂၀၁၅ တွင်စတင်အသက်ဝင်သည့် ပေါင် ရ၅ သန်းတန် ဝတ်စုံစပွန်ဆာ ၁၀ နှစ်စာချုပ်အတွက် အက်ဒီးဒက်စ် နှင့် ၂၀၁၄ တွင် စာချုပ်ထားသည်။

ငွေရောင်နှင့်မီးခိုးရောင်မှာ ၁၉၉၅-၉၆ ရာသီတွင် ပရိသတ်များနှင့်ကစားသမားများနှစ်သက်ခြင်းမရှိသည့်အကျႌပြီးနောက် ပထမဆုံးပြန်လည်အသုံးပြုမှုဖြစ်လာနိုင်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required