နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂို လ်အား ဆဲဆိုရေးသားသူ ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် (၆) လ ချမှတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂို လ်အား ဆဲဆိုရေးသားသူ ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် (၆) လ ချမှတ်ခံရ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ဒီဇင်ဘာ ၂၈ ။              ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂို လ် အား လူမှုကွန်ယက်ဖေ့ဘွတ်ခ်ပေါ်တွင် ဆဲဆိုရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး မုန်းတီးမှုများ ရေးသားဖြန့်ဝေခြင်းများကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူတရားစွဲဆိုခြင်း ခံရသော မကွေးတိုင်းဒေသကြီး စလင်းမြို့ စီမံကိန်းဦးစီးဌာန ဒုဦးစီးမှူး ဦးထွန်းမင်းလတ်အား ယနေ့ ဒီဇင်ဘာ (၂၈)ရက်နေ့ စလင်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စလင်းမြို့၊ စီမံကိန်းဦးစီးဌာနတွင် ဒုဦးစီးမှူ း တာဝန် ထမ်းဆောင်လျက်ရှိသော ဦးထွန်းမင်းလတ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ ဇွန်လ (၁၈) ရက်နေ့တွင် ထွန်းမင်းလတ် အကောင့်ဖြင့် ဆဲဆိုရေးသားခြင်း ၊ လူမျိုးရေး ဘာသာရေး မုန်းတီးမှုများ ရေးသားခြင်း ဖြန့်ဝေခြင်းများ လုပ်ဆောင်နေ၍ တာဝန်သိ ပြည်သူတစ်ဦးမှ စလင်းမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါရေးသားခြင်းအား တာဝန်သိ ပြည်သူတစ်ဦးဖြစ်သော စလင်းမြို့နယ် အင်ကြင်းပင်လှ ကျေးရွာအုပ်စု ဂွင်းကျင်းကျေးရွာနေ ကိုအေးမင်းစိုးမှ စလင်းမြို့မရဲစခန်းတွင် ၂၀၁၆ ဇွန်လ(၃၀) ရက်နေ့က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

" နိုင်ငံတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းဖြစ်ပါလျက် နိင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေ စိုးမိုးရေး နှောက်ယှက် ဟန့်တားစေတဲ့ အရေးအသားတွေ ရေးသားသူ    ဖြစ်တာကြောင့် တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူ့အကျိုးအတွက် ပြည်သူကိုချစ်လို့ အခုလို တိုင်ကြားရတာပါ ။ပြည်သူတင်တဲ့ အစိုးရနဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ တိုင်းပြည်အတွက် တက်ညီလက်ညီ ဆောင်ရွက်စေချင်ပါတယ်" ဟု တိုင်ကြားသူ ကိုအေးမင်းစိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly