အိန္ဒိယတွင် ရထားလမ်းချော်မှုဖြစ်ပွား၍ နှစ်ဦးသေ၊ ၂၈ ဦး ဒဏ်ရာရ

အိန္ဒိယတွင် ရထားလမ်းချော်မှုဖြစ်ပွား၍ နှစ်ဦးသေ၊ ၂၈ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၈ ။           ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၈ ရက်က ရထားလမ်းချော်မှုတစ်ခုဖြစ်ပွားရာ နှစ်ဦးထက်မနည်းသေဆုံးပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

ယခုဖြစ်ပွားရာနေရာသည် လူပေါင်း ၁၄၆ ဦးသေဆုံးခဲ့သည့် ယခင်ရထားမတော်တဆမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားရာနေရာနှင့်လည်း နီးသည်ဟု သိရသည်။

ယခုဖြစ်ပွားသော ရထားလမ်းချော်မှုဖြစ်စဉ်သည် ဥတာပရာဒက်ရှ်ပြည်နယ် Kanpur မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" လောလောဆယ်ထိ နှစ်ဦးသေ၊ ၂၈ ဦးဒဏ်ရာရထားပါတယ်၊ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ထားပါတယ်၊  ဒီဖြစ်စဉ်က နံနက် ၅ နာရီခွဲလောက်က ဖြစ်သွားတာပါ၊ ဒဏ်ရာရသွားသူတွေက ခရီးသည်တွေပါ" ဟု Kanpur ရဲဌာနမှ အရာရှိ Zaki Ahmad က ပြောသည်။

အလားတူ အိန္ဒိယမီးရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလုပ်ဆောင်ပေးလျက်ရှိနေပြီဖြစ်ကြောင်း မီးရထားဝန်ကြီး Suresh Prabhu က ပြောသည်။

ကမ္ဘာ့အကြီးဆုံးသော ရထားလမ်းကွန်ရက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် အိန္ဒိယ၏ ရထားလမ်းကွန်ရက်မှာ လက်ရှိအချိန်ထိ နိုင်ငံတွင် ခရီးဝေးသွားလာမှုအတွက် အဓိက အားထားရာလမ်းကြောင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သကဲ့သို့ လူသေဆုံးသည့် မတော်တဆမှုဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားထားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required