ရန်ကုန်တောင်ပိုင်းခရိုင်တွင် အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် ရှိနေု

ရန်ကုန်တောင်ပိုင်းခရိုင်တွင် အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် ရှိနေု

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ။           ။ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်းမြို့တို့တွင် စိုက်ပျိုး၊ မွေးမြူရေးဇုန်များအပြင် အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန် အစီအစဉ်ရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

“ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်မှာရှိတဲ့ ဒလ၊ လက်ခုပ်ကုန်းမြိုတို့သာမက ကွမ်းခြံကုန်း၊ တွံတေး ကော့မှူးမြို့နယ်များမှာ စိုက်ပျိုးမွေးမြူရေးဇုန်များ၊ အသေးစားစက်မှုဇုန်များသာမက အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန်အစီအစဉ်ရှိပါတယ် ” ဟု ဒေါ်နီလာကျော်က ပြောဆိုသည်။

ယနေ့ဒီဇင်ဘာ ၂၇ရက် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပန်းပဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁ )လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်းမြို့တို့တွင် စိုက်မွေးမြူရေးဇုန်များ၊ အသေးစားစက်မှုဇုန်များပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်၊ မရှိလျှင်မည်သည့်အတွက်ကြောင့် ဖြစ်သည်” ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ လမ်းဘေးစျေးသည် အများစုဟာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ရှိ ဒလ၊ လက်ခုပ်ကုန်း စသည့်နေရာများမ ှလာရောက်ရောင်းချခြင်းဖြစ်သည့်အတွက် စိုက်ပျိုး၊ မွေးမြူရေးဇုန်နှင့် အသေးစားစက်မှုဇုန်များ တည်ထောင်ပေးနိုင်ပါက ရန်ကုန်မြို့ရှိ လမ်းဘေးစျေးသည်များပါ လျော့ကျလာနိုင်ကြောင်း ဦးသန်းနိုင်ဦးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required