မောင်တောတွင် ရုံးစာရေး ၁ ဦး ထပ်အသတ်ခံရ

မောင်တောတွင် ရုံးစာရေး ၁ ဦး ထပ်အသတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆  ။            ။ မောင်တောမြို့ ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတစ်ဦး ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် အသတ်ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

အသတ်ခံရသူသည် ရေတွင်းကျွန်းကျေးရွာအုပ်စု တာဝန်ခံ၏ တပည့်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် ရော်ဖီ ဖြစ်ပြီး ၀မ်းဗိုက် ထိုးသွင်း၊ လည်ပင်း လှီးဖြတ် ဒဏ်ရာများဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူ၏ အလောင်းကို ဒီဇင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာစာသင်ကျောင်း အနောက် ဘက် ပုဇွန်ကန်ဘေး၌ သေဆုံးနေသည်ကို ၄င်း၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ   ဆော်ဒီမူလာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မောင်တောမြို့နယ်၊ ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး ဒုစ်မာမတ်(ခ) ရှူနာမျာ အသတ်ခံခဲ့ရသည်။

ယင်းအမှုအား ငါးခူရနယ်ခြားစောင့်ရဲစခန်းက (ပ) ၄၆/ ၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly