ခရစ္စမတ်ဟာ ရုပ်ဝါဒရဲ့ဓားစာခံဖြစ်နေရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြောကြား

ခရစ္စမတ်ဟာ ရုပ်ဝါဒရဲ့ဓားစာခံဖြစ်နေရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြောကြား

ခရစ္စမတ်ဟာရုပ်ဝါဒရဲ့ ဓားစာခံဖြစ်နေပြီး၄င်းရဲ့အနက်အဓိပ္ပါယ်စစ်စစ် ပျောက်ဆုံးနေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါသည်။

ရိုမန်ကတ်သလစ်ဘုရားကျောင်းရဲ့ ဦးဆောင်သူဖြစ်သည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ကလေးငယ်တွေဒုက္ခ ဝေဒနာခံစားနေရတဲ့အတွက် ဗာတီကန်တွင်ပြုလုပ်ခဲ့တဲ့ လုံခြံုရေးအပြည့်နှင့် ခရစ္စမတ်ညစာစားပွဲကျင်းပတဲ့ အခမ်းအနားမှာ လူသိရှင်ကြား ဝေဖန်ရှုံ့ချခဲ့ပါသည်။

သူက အစာရေစာငတ်ပြတ်နေရတဲ့ သူတွေ၊ ကလေးငယ်တွေနှင့် အလက်ပိုကဲ့သို့ မြို့မျိုးတွင် ဗုံးကြဲတိုက်ခိုက်နေမှု များကြောင့် အသက်အန္တရာယ်နှင့် ကြံုတွေ့နေရသူများ၊ ရွှေ့ပြောင်းနေထိုင်ဖို့ လမ်းကြောင်းရှာနေရသူများရှိ ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။

လွန်ခဲ့သောစနေနေ့က St Peter's Basilica ဘုရာင်းကျောင်းတွင် ကျင်းပသည့် ခရစ္စမတ်အကြိုနေ့ပွဲတော်သို့ တက်ရောက်ပါ၀င်ခဲ့သူများသည် လုံခြံုရေးအတွက် သတ္တုရှာဖွေရေးစက်များကို ဖြတ်သန်းပြီးမှ ၀င်ခွင့်ရခဲ့ပါသည်။ အဆိုပါကျင်းပပွဲ ပြုလုပ်နေစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်ဟာ ရုပ်ဝါဒရဲ့ဓားစာခံဖြစ်နေရပြီး ယခု လိုခရစ္စမတ်ကာလ အချိန်အခါသမယမျိုးမှာ ရို့ကျိုးစွာနေထိုင်ဖို့ ပိုမိုလိုအပ်ကြောင်း ပြောခဲ့ပါသည်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးက လူတွေဟာ လက်အရှိအချိန်မှာ အရာဝတ္ထုပစ္စည်းတွေရဲ့ အရှိန်အဝါဟာဘုရားသခင် ရဲ့ အရှိန်အဝါကို အမှောင်ဖုံးလွှမ်းသွားစေတဲ့ ခေတ်ကြီးမှာ   နေထိုင်နေကြတယ်လို့   ပြောဆိုလိုက်ပြီး လူသားတွေဟာ ဘယ်လိုလက်ဆောင်ရမလဲဆိုတာကိုသာ စိတ်ရောက်နေကြပြီး အပယ်ခံထားရတဲ့သူတွေအပေါ် နွေးထွေးစွာ ဆက်ဆံဖို့ကိုတော့   မေ့လျော့နေကြတယ်လို့ပြောဆိုခဲ့ပါသည်။

လွန်ခဲ့တဲ့နှစ်တစ်နှစ်လုံး ပုပ်ရဟန်းမင်းကြီးဟာ ဒုက္ခသည်တွေအပေါ်စာနာရိုင်းပင်းမှု၊ အကြင်နာမေတ္တာတို့ထားရှိ ရန်တိုက်တွန်းခဲ့ပြီး ခရစ်ယာန်တွေကိုလည်း   ယေရှုခရစ်တော်ကိုယ်တိုင်   ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်ခဲ့ ကြောင်းကို ဆော်သြခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly