မြန်မာယူ-၁၉ အမျိုးသမီးအသင်း ၂၀၁၇ အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်ဖြင့်သာကျေနပ်ခဲ့ရ

မြန်မာယူ-၁၉ အမျိုးသမီးအသင်း ၂၀၁၇ အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်ဖြင့်သာကျေနပ်ခဲ့ရ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ယနေ့ည ၆းဝဝ နာရီက လူငယ်လေ့ကျင့်ရေးစင်တာ YTC (သုဝဏ္ဏကွင်း)တွင်ကစားခဲ့သော ၂၀၁၇ အာရှယူ-၁၉ ချန်ပီယံရှစ် အမျိုးသမီးခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိမ်ရှင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ၁-၂ ဂိုးဖြင့်အရေးနိမ့်သွား၍ ခြေစစ်ပွဲကျရှုံးခဲ့ရသည်။

ခြေစစ်ပွဲတစ်အုပ်စုလျှင်ထိပ်ဆုံးတစ်သင်းသာ ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး ထိုင်းအသင်းက အုပ်စုတွင်းသုံးပွဲစလုံးအနိုင်ရကာ ခြေစစ်ပွဲ အောင်မြင်သွားခြင်းဖြစ်သည်။ မြန်မာအသင်းမှာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ အုပ်စု ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

ထိုင်းအသင်းအတွက် ဂိုးများကို ပွဲချိန် ၃၄ မိနစ်တွင် Kanyanat နှင့် ပွဲချိန် ၄၇ မိနစ်တွင် Jiraporn တို့ကသွင်းယူခဲ့ပြီး မြန်မာအသင်းအတွက်ဂိုးကို ပွဲပြီးကာနီးထပ်ဆောင်းအချိန်ပိုတွင် ဂျူလိုင်ကျော်က သွင်းယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly