အင်္ဂလန်​နည်​းပြ​ဟောင်​း ဆမ်​အလာဒွိုက်​စ်​ကို နည်​းပြသစ်​အဖြစ်​ ပဲ​လေ့စ်​အသင်​းခန်​့အပ်​

အင်္ဂလန်​နည်​းပြ​ဟောင်​း ဆမ်​အလာဒွိုက်​စ်​ကို နည်​းပြသစ်​အဖြစ်​ ပဲ​လေ့စ်​အသင်​းခန်​့အပ်​

ဒီဇင်​ဘာ ၂၄၊ အင်္ဂလန်​။              ။ ခရစ္စတယ်​ပဲ​လေ့စ်​အသင်​းသည်​ နည်​းပြအလန်​ပါဂျူးကို ရာထူးမှထုတ်​ပယ်​ခဲ့ပြီး​နောက်​ အင်္ဂလန်​နည်​းပြ​ဟောင်​း ဆမ်​အလာဒွိုက်​စ်​ကို နှစ်နှစ်ခွဲစာချုပ်ဖြင့် ခန်​့အပ်​လိုက်​ပြီဖြစ်​သည်​။

ပဲ​လေ့စ်​နည်​းပြ​ဟောင်​း အလန်​ပါဂျူးသည်​ ၄င်​းကိုင်​တွယ်​ခဲ့သည်​့ ​နောက်​ဆုံး ၁၁ ပွဲတွင်​ ၁ ပွဲသာအနိုင်​ရခဲ့ပြီး ပရီးမီးယားလိဂ်​တွင်​ အဆင်​့ ၁၇ ​နေရာသို့​ရောက်​ရှိ​နေသည်​့အတွက်​ ရာထူးမှထုတ်​ပယ်​ ခံခဲ့ရခြင်​းဖြစ်​သည်​။

နည်​းပြဆမ်​အလာဒွိုက်​စ်​မှာ အင်္ဂလန်​နည်​းပြအဖြစ်​မှ ထုတ်​ပယ်​ခံရပြီး ၆၇ ရက်​အကြာတွင်​ ပဲ​လေ့စ်​နည်​းပြဖြစ်​လာရခြင်​းဖြစ်​သည်​။

အလာဒွိုက်​စ်​က သူ၏အ​တွေ့အကြုံများဖြင်​့ ပဲ​လေ့စ်​အသင်​းကို ဆွဲတင်​နိုင်​မည်​ဟု ယုံကြည်​​ကြောင်​း ​ပြောသည်​။ “အလုပ်​အသစ်​တိုင်​းမှာ အခက်​အခဲဆိုတာ ရှိပါတယ်​။ ကျွန်​​တော်​့ရဲ့အ​တွေ့အကြံု​တွေနဲ့ အခက်​အခဲ​တွေကို ​ကျော်​လွှားနိုင်​မယ်​လို့​မျှော်​လင့် ပါတယ်​။ ရလဒ်​​တွေပို​ကောင်​းလာဖို့ ကြိုးစားသွားမှာပါ။ ခရစ္စမတ်​နဲ့နယူးရီးယားအပြီးမှာ အားလုံးပိုပြီးသက်​​သောင်​့သက်​သာဖြစ်​​စေဖို့ ကြိုးစားသွားမှာပါ” ဟု အလာဒွိုက်​စ်​က ဆိုသည်​။

​ဘော်​လ်​တန်​၊ နယူးကာဆယ်​၊ ၀က်​စ်​ဟမ်​းနှင်​့ဘလက်​ဘန်​းအသင်​းများကို ကိုင်​တွယ်​ခဲ့သည်​့ နည်​းပြ အလာဒွိုက်​စ်​သည်​ ပြီးခဲ့သည်​့ရာသီက ဆန်​းဒါးလန်​းအသင်​းကို အဆင်​့ ၁၉ ​နေရာမှ ရုန်​းထွက်​ပြီးတန်​းမဆင်​းရ​အောင်​ စွမ်​း​ဆောင်​​ပေးခဲ့သူဖြစ်​သည်​။

ရည်​ညွှန်​း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required