နတ်ရွာစံထိုင်းဘုရင် ဘူမိဘောအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းတွင် ခရစ္စမတ်ပွဲတော်ကို အဝါရောင်များဖြင့် အလှဆင်မြန်းကြိုဆို

နတ်ရွာစံထိုင်းဘုရင် ဘူမိဘောအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းတွင် ခရစ္စမတ်ပွဲတော်ကို အဝါရောင်များဖြင့် အလှဆင်မြန်းကြိုဆို

ဒီဇင်ဘာ ၂၃ ။                 ။ ကံတော်ကုန်သွားခဲ့ပြီဖြစ်သော ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်အား အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတွင် ယခုနှစ်ခရစ္စမတ်ပွဲတော်အတွက် အဝါရောင်များဖြင့် အလှဆင်မြန်းကာ ကြိုဆိုကျင်းပသွားရန်ရှိနေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် ယခုနှစ်ခရစ္စမတ်ပွဲတော်အတွက် အလှဆင်မြန်းရာတွင် အဝါရောင်ကို အဓိကအရောင်အဖြစ် ရွေးချယ်သတ်မှတ်ထားကြောင်းနှင့် ယင်းမှာလည်း ယခုနှစ်တွင်း ကံတော်ကုန်သွားခဲ့သော ထိုင်းဘုရင် ဘူမိဘောအား အလေးထားဂုဏ်ပြုသည့်အနေဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် သီတင်းပတ်တစ်ခုရှိ နေ့ရက်အသီးသီးတို့မှာ မတူညီသော အရောင်များဖြင့် ဆက်စပ်မှုရှိနေပြီး တော်ဝင်မိသားစုဝင်များ မွေးဖွားသည့်ရက်အသီးသီးမှာ အရောင်တစ်ခုချင်းစီနှင့် ဆက်စပ်နေကြောင်းသိရသည်။

အလားတူ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် ၁၉၄၆ ခုနှစ် နန်းတက်လာချိန်မှစကာ ယင်းနိုင်ငံတွင် အဝါရောင်ကို ဘုရင်နှင့် သက်ဆိုင်သည့်အရောင်ဖြင့် သတ်မှတ်လာခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required