တိုက်ရိုက်အသံ ထုတ်လွှင့်မှု ဖေ့စ်ဘုတ် မိတ်ဆက်

တိုက်ရိုက်အသံ ထုတ်လွှင့်မှု ဖေ့စ်ဘုတ် မိတ်ဆက်
(ဓာတ်ပုံ - ဖေ့စ်ဘုတ်)

ဖေ့စ်ဘုတ်က တိုက်ရိုက်အသံ ထုတ်လွှင့်တဲ့ ဝန်ဆောင်မှုကို တနင်္လာနေ့က စတင်စမ်းသပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဖေ့စ်ဘုတ်က "Live Audio" တိုက်ရိုက်အသံ လွှင့်ထုတ်မှုကို စမ်းသပ်ဖို့ BBC World Service, စာအုပ်ထုတ်ဝေသူ HarperCollins၊ ဗြိတိန် ရေဒီယိုရုံ LBC နှင့် စာရေးဆရာ Adam Grant နှင့် Brit Bennett တို့ပါဝင်တဲ့ ပတ်တနာတွေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

အဆိုပါ နည်းစနစ်အသစ်ဟာ လူမှုကွန်ရယ်ပေါ်မှာ အသုံးပြုသူများကို တိုက််ရိုက်ဗီဒီယို ထုတ်လုပ်မှုအပြင် နောက်ထပ်ရွေးချယ်စရာ တစ်ခုဖြစ်လာပါတယ်။

“သတင်းထုတ်လုပ်သူအချို့က သတင်းတစ်ပုဒ်ကို ဖေ့စ်ဘုတ်ပေါ်မှာ ဗီဒီယိုနဲ့ မဟုတ်ဘဲ စကားလုံးတွေနဲ့ ပြောချင်မယ်ဆိုတာ ကျနော်တို့ သိထားပါတယ်”လို့ ဖေ့စ်ဘုတ် ထုတ်ကုန် အထူးပြု Shirley Ip နှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ Bhavana Radhakrishnan တို့က ဘလော့ဂ်ပို့စ်တစ်ခုမှာ ပြောဆိုထားပါတယ်။

အဆိုပါပို့စ်အရ ဆက်သွယ်ရေးကွန်ရက်များက ဗီဒီယို streaming လုပ်ဖို့ ပိုကြီးတဲ့ ဒေတာ တောင်းဆိုချက်များကို ကိုင်သွယ်ဖို့ အခက်အခဲရှိတဲ့နေရာဒေသ၊ ကွန်နက်ရှင်နှေးတဲ့ နေရာတွေမှာ အသံတိုက််ရိုက် ထုတ်လွှင့်မှုက အသုံးဝင်မယ်လို့ ဆိုထားပါတယ်။

နားထောင်သူတွေဟာ တိုက််ရိုက်အသံ အကြောင်းအရာကို ဖေ့စ်ဘုတ် News Feed မှာ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပြီး ထုတ်လွှင့်နေစဉ် မေးခွန်းမေးမြန်းတာနှင့် တု့ံပြန်မှုတွေကို အချိန်မှန်အတွင်း ထားရစ်နိုင်မယ်လို့ သိရပါတယ်။

လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း မိတ်ဖက်တွေနှင့်အတူ အသံတိုက််ရိုက် ထုတ်လွှင့်မှုကို စမ်းသပ်ပြီးတော့ လာမယ့် နှစ်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ မိတ်ဆက်မယ်လို့ ဖေ့စ်ဘုတ်က ပြောပါတယ်။

© 1994-2016 Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly