မန်စီးတီးဂိုးသမားဂျိုးဟတ်ကို နွေရာသီတွင် ခေါ်ယူရန် လီဗာပူးလ်မျက်စိကျ

မန်စီးတီးဂိုးသမားဂျိုးဟတ်ကို နွေရာသီတွင် ခေါ်ယူရန် လီဗာပူးလ်မျက်စိကျ

ဒီဇင်ဘာ ၂၂၊ လီဗာပူးလ်။                  ။ ဂျိုးဟတ်သည် လီဗာပူးလ်သို့ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်သို့ ပြန်လာဖွယ်ရှိနေသည်။ ဂိုးသမားဂျိုးဟတ်သည် လက်ရှိတွင် မန်စီးတီးအသင်းမှ တိုရီနိုသို့တစ်ရာသီအငှားဖြင့်သွားရောက်ကစားနေပြီး အပြီးသတ်ခေါ်ယူရန် တိုရီနိုအသင်းက အလွန်အမင်းစိတ်ဝင်စားနေသည်။

သို့သော် လီဗာပူးလ်အသင်းကလည်း အခြေအနေတိုးတက်မှုကို နီးကပ်စွာစောင့်ကြည့်နေပြီး အသက် ၂၉ နှစ်အရွယ်ဂိုးသမားမှာ လာမည့်နွေရာသီတွင် အန်ဖီးလ်သို့ပြောင်းရန် စိတ်ဝင်စားဖွယ် ရှိနေသည်။

အင်္ဂလန်နံပါတ်တစ်ဂိုးသမားကို တိုရီနိုအသင်းက အပြီးသတ်ခေါ်ယူချင်နေသကဲ့သို့ ၎င်း၏လက်စွမ်းကြောင့်လည်း စီးရီးအေ အသင်းများက စောင့်ကြည့်နေကြသည်။

သို့သော် ဂိုးသမားသည် ပရီးမီးယားလိဂ်သို့သာပြန်လာချင်နေဆဲဖြစ်ပြီး မန်စီးတီးနည်းပြဂွာဒီယိုလာသည် ဂျိုးဟတ်ကို ကြိုက်နှစ်သက်ခြင်းမရှိ၍ နွေရာသီတွင် ရောင်းချသွားဖွယ်ရှိနေသည်။

လီဗာပူးလ်နည်းပြကလော့ပ်သည် လက်ရှိဂိုးသမားများဖြစ်သော ကေးရီးယက်စ်နှင့် မစ်ဂ်နိုလက်တို့အပေါ်ထောက်ခံနေဆဲဖြစ်၍ ဇန်နဝါရီတွင် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်မရှိပေ။

သို့သော် လီဗာပူးလ်သည် ဂျိုးဟတ်၏အနေအထားကိုစောင့်ကြည်နေပြီး အထူသဖြင့် မိန့်ဇ်မှပြောင်းလာသည့် ကေးရီးယက်စ်သည် အင်္ဂလိပ်ဘောလုံးနှင့်အသားကျရန် ရုန်းကန်နေရသည်။

မစ်ဂ်နိုလက်မှာ ပွဲထွက်စာရင်းမှချန်လှပ်ထားခံရရာမှ ကေးရီးယက်စ်အစားပြန်လည်နေရာပေးခံခဲ့ရပြီး ယင်းမှာ လီဗာပူးလ် အသင်းအနေဖြင့် ကာလရှည်ဂိုးသမားနေရာအတွက် တစ်စုံတစ်ဦးကိုထပ်မံခေါ်ယူမည်လားဆိုသည့် မေးခွန်းများကို မြင့်တက် စေခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required