၂၀၁၆ ခုနှစ်အတွက် လူကြည့်အများဆုံး ကေပေါ့ပ်သီချင်းဗွီဒီယိုစာရင်းကို Youtube ကြေညာ

၂၀၁၆ ခုနှစ်အတွက် လူကြည့်အများဆုံး ကေပေါ့ပ်သီချင်းဗွီဒီယိုစာရင်းကို Youtube ကြေညာ

၂၀၁၆ခုနှစ်ဟာပြီးဆုံးတော့မှာဖြစ်တဲ့အတွက် Youtube ၀က်ဘ်ဆိုက်ဟာသူတို့ရဲ့တစ်နှစ်တာလူအကြည့်အများ ဆုံးသီချင်းဗွီဒီယိုများကို ကြေညာခဲ့ပါသည်။ ဒါကြောင့် Youtube ၀က်ဘ်ဆိုက်မှနေ၍ ၂၀၁၅နိုင်ဝင်ဘာလ ၂၄မှ ၂၀၁၆ နိုဝင်ဘာ ၂၃ ရက်အတွင်း လူအကြည့်အများ ကေပေါ့ပ်သီချင်းဗွီဒီယိုများကို စာရင်းပြုစုခဲ့ပြီး ထိပ်ဆုံးမှ လူကြည့်အများဆုံး သီချင်းဗွီဒီယိုဆယ်ခု ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုသီချင်းဆယ်ပုဒ်ကတော့

  1.  “DADDY” – PSY
  2. “CHEER UP” – TWICE
  3. “FIRE” – BTS
  4. “Monster” – EXO
  5. “TT” – TWICE
  6. “BOOMBAYAH” – BLACKPINK
  7. “Blood, Sweat, and Tears” – BTS
  8. “Whistle” – BLACKPINK
  9. “Save ME” – BTS
  10. “Lotto” – EXO တို့ပဲဖြစ်ကြပါသည်။

ပထမနေရာမှ အဆိုတော် PSY ရဲ့ DADDY သီချင်းဟာ ကြည့်ရှုသူ သန်း၂၀၀ကျော်ခဲ့ပြီး ဒါဟာအဆိုတော်ရဲ့ ပြီးခဲ့တဲ့၂နှစ်နဲ့ ရလအတွင်းမှာထွက်ရှိခဲ့တဲ့ပထမဦးဆုံးသောသီချင်းတစ်ပုဒ်ဖြစ်ပါသည်။ ဒုတိယနေရာကအမျိုး သမီးအဆိုတော်အဖွဲ့ TWICE ကတော့ ထိပ်ဆုံးဆယ်နေရာမှာ “CHEER UP” နှင့် “IT” သီချင်းတို့ဖြင့် နှစ်နေရာ စာပါ၀င်ထားပါသည်။ အဖွဲ့အသစ် BLACKPINK ကလည်း သူတို့ရဲ့ပွဲဦးထွက်သီချင်းဖြစ်တဲ့ “BOOMBAYAH” နှင့် “WHISTLE” သီချင်းတို့ဖြင့် ထိပ်ဆုံးဆယ်နေရာတွင်းမှ နံပါတ် ၆နေရာနှင့် နံပါတ် ၈ နေရာကိုရယူထားပါသည်။

BTS အဖွဲ့ကတော့ သူတို့ရဲ့ဒုတိယမြောက် သီချင်းအယ်လ်ဘမ်ထဲမှ သီချင်းတွေဖြစ်တဲ့ “FIRE”၊ “ Blood, Sweat, and Tears” နှင့် “Save Me” စတဲ့သီချင်းသုံးပုဒ်ဖြင့် နံပါတ်၃ နေရာ၊နံပါတ် ရ နေရာနှင့် နံပါတ် ၉ နေရာတို့ကို ရရှိ ထားပါသည်။ မြန်မာပရိတ်သတ်များရဲ့အသည်းစွဲ EXO အဖွဲ့ကလည်း သူတို့ရဲ့ သီချင်း “Monster” နှင့် “ Lotto” တို့ဖြင့် ဇယားပေါ်မှာ နံပါတ်၄နေရာနှင့် နံပါတ် ၁၀ နေရာကို အသီးသီးရယူထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly