“The legend of The Blue Sea”ဇာတ်ကားထဲမှ လီမင်ဟိုရဲ့ ပုံတူပန်းချီကားကို နာမည်ကျော် ပန်းချီဆရာရေးဆွဲ ထားသောကြောင့် စိတ်ဝင်စားမှုများပြား

“The legend of The Blue Sea”ဇာတ်ကားထဲမှ လီမင်ဟိုရဲ့ ပုံတူပန်းချီကားကို နာမည်ကျော် ပန်းချီဆရာရေးဆွဲ ထားသောကြောင့် စိတ်ဝင်စားမှုများပြား

 “The Legend of the Blue Sea” ဇာတ်လမ်းတွဲထဲမှလီမင်ဟို ရဲ့ရှေးရိုးရာစတိုင်ပုံစံတူပန်းချီကားဟာ နာမည် ကျော်ပုံတူပန်းချီပညာရှင်ရေးဆွဲထားသောကြောင့် လူစိတ်ဝင်စားမှု အများအပြားရရှိခဲ့ပါသည်။

SBSရုပ်သံလိုင်းမှ ထုတ်လွှင့်နေသောဇာတ်ကားရဲ့ ၉ ပိုင်းမြောက်တွင် Joon Jae (လီမင်ဟို) ဟာ Dam Ryung (လီမင်ဟို) ထံမှ ပုံစံတူပန်းချီကားတစ်ခုကို လက်ခံရရှိခဲ့ပြီး ထိုပုံနောက်တွင် အကြံဉာဏ်များပေးထားသော စကားလုံးများကို ရေးသားထားပါသည်။

အဆိုပါ ပုံတူပန်းချီကို နာမည်ကျော်ပုံတူပန်းချီပညာရှင် အင်မ်ဝူးဟွမ်းကရေးဆွဲထားခဲ့တာဖြစ်ပါသည်။ ဒါ့အပြင် တရုတ်ရှေးရိုးရာ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် နောက်ကျောမှ စာအရေးအသားများကို ရေးဆွဲခဲ့ပြီး တစ်ပတ်တိတိ ကြာမြင့်ခဲ့ကြောင်း သိရပါသည်။

အင်မ်ဝူးဟွမ်းဟာ လီမင်ဟိုရဲ့ဓာတ်ပုံကို ရရှိခဲ့ပြီး သူ၏စိတ်ကူးဖြင့် အဝတ်အစားဖြင့်ဟန်အမူအရာတို့ကို ပုံဖော်ကာ အပြီးသတ် ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ပန်းချီဆရာက “ဒီပုံတူပန်းချီကားကို ရုပ်သံမှာလွှင့်ခဲ့ပြီးနောက် ကျနော်ဆွဲ ထားမှန်းကိုသိတဲ့သူတွေက ကျနော့်ကို ကောင်းမွန်တဲ့အရာတွေ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အရိုးသားဆုံးဝန် ခံရမယ်ဆိုရင်တော့ လီမင်ဟိုရဲ့ပုံတူကို ကျနော်ကြိုက်သလို သိမ်းထားခွင့်မရှိတဲ့အတွက် ကျနော်စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပုံကကြည့်ကောင်းတဲ့ ပုံပေါ်ပါတယ်၊ ဘာလို့လဲဆိုတော့ ရုပ်ရှင်ရိုက်ကူးရေးသမားတွေ က ကောင်းကောင်းမွန်မွန် ရိုက်ကူးခဲ့လို့ပါ” လို့ ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly