ရန်ကုန်-နေပြည်တော်ကြားက အဝေးဆက်သွယ်မှု Link ချို့ယွင်းမှုကြောင့် MPTဖုန်းများ ဆက်သွယ်မှု ပြတ်တောက်

ရန်ကုန်-နေပြည်တော်ကြားက အဝေးဆက်သွယ်မှု Link ချို့ယွင်းမှုကြောင့် MPTဖုန်းများ ဆက်သွယ်မှု ပြတ်တောက်

MPT ၏ GSM / WCDMA မိုဘိုင်းဖုန်းခေါ်ဆိုမှုများ ဇူလိုင် ၂၀ရက် နံနက်ပိုင်းက စပြီး ပျက်တောက်ခဲ့ခြင်းက ရန်ကုန် နှင့် နေပြည်တော်ကြား သွယ်တန်းထားသည့် အဝေးဆက်သွယ်မှု Link ချို့ယွင်းသွားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးက ဇူလိုင် ၂၀ရက် ညနေပိုင်းက ထုတ်ပြန်ကြေငြာသည်။ 

"ရန်ကုန် နှင့် နေပြည်တော် ကြား သွယ်တန်းထားသော အဝေးဆက်သွယ်မှု Link ချို့ယွင်းသွားပါသဖြင့် အချို့သော GSM / WCDMA မိုဘိုင်းဖုန်းများ၏ ဆက်သွယ်ခေါ်ဆိုရ ခက်ခဲမှုများ ယာယီဖြစ်ပေါ်ခဲ့ပါသည်။"ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်သည်။ 

ဖုန်းလိုင်းများမှာ ညနေ ၃နာရီအချိန်တွင် ဆက်သွယ်မှု အားလုံး ပြန်လည်ကောင်းမွန်ပြီ ဖြစ်သည်ဟုလည်း MPTက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly