ဖမ်းယူထားခဲ့သည့် ရေအောက်ဒရုန်းအား အမေရိကန်ထံ တရုတ်က ပြန်ပေး

ဖမ်းယူထားခဲ့သည့် ရေအောက်ဒရုန်းအား အမေရိကန်ထံ တရုတ်က ပြန်ပေး

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ။             ။ အငြင်းပွားရာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်က ဖမ်းယူခဲ့သော အမေရိကန်ရေအောက် ဒရုန်းယာဉ်ကို ပြန်လည်ပေးအပ်ပြီဖြစ်သည်။

ဖိလစ်ပိုင် ဆူဘစ်ပင်လယ်အောက် အနောက်မြောက်ဖက် ၉၂ ကီလိုမီတာတွင် အဆိုပါ ဒရုန်းယာဉ်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒရုန်းယာဉ်ကို နိုင်ငံတကာရေပိုင်နက်အတွင်း တရုတ်က ဖမ်းယူခဲ့ခြင်းဖြစ်ကာ ဆယ်စုနှစ်များအတွင်း အင်အားကြီးနှစ်နိုင်ငံကြား ထိပ်တိုက်တွေ့မှုများမှ အဖြစ်အပျက်တစ်ရပ် အနေဖြင့်   ဖြစ်ပွားခဲ့သည်။

အပြည်ပြည်ဆိုင်ရာဥပဒေက ခွင့်ပြုထားရာ တောင်တရုတ်ပင်လယ်အတွင်း ပျံသန်းခြင်း၊ ရွက်လွှင့်ခြင်းနှင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်က ပြောသည်။

“တရုတ်နှင့် အမေရိကန်နှစ်ဖက်အကြား ရင်းနှီးမှုရှိသော ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ပြီးနောက် အဆိုပါ ဒရုန်းရေယာဉ် လက်ပြောင်းလွှဲအပ်မှုကို ချောမွေ့စွာဆောင်ရွက်ခဲ့ကြောင်း” တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ၂၀ ရက်၌ ထုတ်ပြန်သည်။

ယခုကဲ့သို့ တရုတ်ဖက်က ဒရုန်းရေယာဉ်အား ဖမ်းဆီးသွားခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပင်လယ်ပြင်ရှိ ရေတပ်များကြား ကျင့်ဝတ်တို့နှင့် လိုက်လျောညီထွေမှု မရှိသော ဖြစ်ရပ်အဖြစ် ပင်တဂွန်က ပြောဆိုပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required