တိုးမြစ်အတွင်း ရေယာဉ်တိုက်မှု ရေယာဉ်မှူးများကို အမှုဖွင့်ထား

တိုးမြစ်အတွင်း ရေယာဉ်တိုက်မှု ရေယာဉ်မှူးများကို အမှုဖွင့်ထား

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ။              ။  ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် တိုးမြစ်အတွင်းဖြစ်ပွားခဲ့သည့် ရေယာဉ်တိုက်မှုဖြစ်စဉ်တွင် ရေယာဉ်မောင်းနှင် သူများကို အမှုဖွင့် အရေးယူထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရေယာဉ်တိုက်မှုဖြစ်စဉ်အတွက် ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်မှူး ဦးစိုးစိုးနှင့် ပုသိမ်သူရေယာဉ်မှူး ဦးတင်မြင့်တို့အား ကော့မှူးမြို့နယ်၊ ကျိုက်ထော်နယ်မြေရဲစခန်းမှ (ပ)၁၄၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၂၈၀/ ၃၃၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီခန့်က ကော့မှူးမြို့နယ် တိုးမြစ်အတွင်း ဝဲကြီးကွေ့အနီး၌ ပုသိမ်သူအမည်ရှိ ရန်ကုန် - မော်ကျွန်း - ပုသိမ် ခရီးသည်တင် ရှပ်ပြေးရေယာဉ်နှင့် ချမ်းမြေ့ထွန်းအမည်ရှိ ကုန်တင်ရေယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ချမ်း မြေ့ထွန်း ရေယာဉ်သည် တိုးမြစ်အတွင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

ပုသိမ်သူ ခရီးသည်တင် ရှပ်ပြေးရေယာဉ်ပေါ်တွင် ခရီးသည် ၃၀၀ ခန့် ပါရှိပြီး ရေယာဉ်တိုက်မှုဖြစ်ပွားစဉ်မှာ ဒဏ်ရာရရှိ ခြင်း မရှိသော်လည်း ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly