နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ သရေပွဲဖြစ်ခဲ့တဲ့ မြန်မာ ယူ-၂၁

နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ သရေပွဲဖြစ်ခဲ့တဲ့ မြန်မာ ယူ-၂၁
(ဓာတ်ပုံ - MFF)

International U-21 Tournament – Youth Newspaper Clear Men Cup 2016 ပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်အဖြစ် မြန်မာ ယူ ၂၁ အသင်းနှင့် ယူ ၂၁ ဗီယက်နမ်သတင်းစာအသင်းတို့ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့ပါတယ်။

မြန်မာ ယူ ၂၁ အသင်းတွင် ဂိုး- ဘုန်းသစ္စာမင်း၊ နောက်တန်းတွင် ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ ထလန်ဟုတ်ထန်၊ နန္ဒကျော်တို့ပါဝင်ခဲ့ပြီး စွမ်းထက်အောင်၊ သန်းဇော်ဟိန်း၊ ဇင်ဖြိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ သန်းပိုင် အစရှိသဖြင့် လူစုံပါဝင်ပွဲထွက်ခဲ့ပြီး ဗီယက်နမ်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဗီယက်နမ်အသင်းရဲ မာမာထန်ထန် ကစားပုံကြောင့် မြန်မာအသင်း အခက်တွေ့ခဲ့ရပါတယ်။ ထို့အတူ မြန်မာအသင်း နောက်တန်းကလည်း ဗီယက်နမ်အသင်းရဲ့ တိုက်စစ်ကို အမှားအယွင်းမရှိ တားဆီးထားနိုင်တာကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ရ၇ မိနစ်မှာ လူစားဝင်ရောက်လာတဲ့ ဗီယက်နမ်ကစားသမား Duong Van Hao က ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးရပြီးနောက်ပိုင်း မြန်မာအသင်းမှ ချေပဂိုးပြန်လည်ရရှိရန် တိုက်စစ်မြှင့်တင်ကစားလာခဲ့ပြီး ပွဲချိန် ၉၃ မိနစ်တွင် ရန်နိုင်ဦးက အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ -၂၁ အသင်းဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဂျပန်ကလပ် Yokohama အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required