ဗီယက်နမ် ဆက်သွယ်ရေးအော်ပရေတာ Viettel ကို စတုတ္ထမြောက် မိုဘိုင်းအော်ပရေတာအဖြစ် တရားဝင်လိုင်စင်ချပေးမည်

ဗီယက်နမ် ဆက်သွယ်ရေးအော်ပရေတာ Viettel ကို စတုတ္ထမြောက် မိုဘိုင်းအော်ပရေတာအဖြစ် တရားဝင်လိုင်စင်ချပေးမည်

အခုလာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် တယ်လီဖုန်းဆက်သွယ်ရေးအော်ပရေတာအဖြစ် ရွေးချယ်ထားပြီးဖြစ်တဲ့ ဗီယက်နမ်က ဗီယက်တယ်(လ)တယ်လီကွန်းကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချပေးတော့မယ် ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းကနေ သတင်းထွက်ပေါ်နေပါတယ်။

ဗီယက်တယ်(လ) အနေနဲ့ မြန်မာက ရတနာပုံတယ်လီပို့ အပါအဝင် ပြည်တွင်းကုမ္ပဏီ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသား တယ်လီကွန်း အများပိုင်ဟိုးဒင်း လီမိတက်နဲ့ ၄၉-၅၁ ရာခိုင်နှုန်းအချိုးနဲ့ အစုစပ်လုပ်ကိုင်မှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွင်း MPT ၊ အူရီဒူး၊ တယ်လီနော စတဲ့ ဆက်သွယ်ရေးလုပ်ငန်း ၃ ခုက ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly