ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်ဂိုးမပေးရသည့် ပွဲ ၂၀၀ ပြည့်

ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်ဂိုးမပေးရသည့် ပွဲ ၂၀၀ ပြည့်

ဒီဇင်ဘာ ၁၈၊ တူရင်။          ။ စနေနေ့တွင် ဂျူဗင်တပ်က ရိုးမားကို ၁-၀ ဖြင့်အနိုင်ရသည့်ပွဲတွင် ဂျူဗင်တပ်ဂိုးသမားဘတ်ဖွန်သည် ဂိုးမပေးရသည့် ပွဲ ၂၀၀ ပြည့်သွားခဲ့သည်။

စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းသည် ပွဲချိန် ၁၄ မိနစ်တွင် ဟီဂူအင်၏ သွင်းဂိုးကြောင့် အဓိကပြိုင်ဘက်များကို ခုနစ်မှတ်ဖြတ် ကာ အမှတ်ပေးဇယားအားဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

ဂျူဗင်တပ်အသင်းမှာ ထိပ်တန်းလက်စွမ်းရှိနေသေးသည့် အသက် ၃၈ နှစ်အရွယ်ဂိုးသမား ဘတ်ဖွန်ကို အားကိုးရခဲ့သည်။ လက်ရှိရာသီတွင် ၁၀ ပွဲဆက်ဂိုးမပေးရသည့်စံချိန်သစ်တင်ထားသည့် ဘတ်ဖွန်သည် ရိုးမားနှင့်ပွဲတွင် မိနစ် ၉၀ လုံး၌ နှစ်ကြိမ်သာ ကာကွယ်မှုပြုလုပ်ခဲ့ရသည်။

ဘတ်ဖွန်မှာ ၂၀၀၁ တွင် ပါးမားအသင်းမှပြောင်းလာပြီးနောက် နောက်ထပ်စံချိန်ကောင်းတစ်ခုကို ထပ်မံရေးထိုးနိုင်လိုက်ခြင်းဖြစ် သည်။

ကမ္ဘာ့ဖလားချန်ပီယံဂိုးသမားသည် ပါးမားနှင့် ဂျူဗင်တပ်တွင်ကစားနေစဉ်အတွင်း စီးရီးအေတွင် ဂိုးမပေးရသည့်ပွဲအများဆုံး စံချိန်ကိုလည်း တင်ထားပြီးဖြစ်သည်။ ၎င်း၏လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၈ ထိဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required