လူ ၆၆ ဦးသေဆုံးခဲ့သော အီဂျစ်လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာ ဗုံးပေါက်ကွဲထားသည့် လက္ခဏာရပ်များ တွေ့ရှိထားဟု အာဏာပိုင်များ ပြော

လူ ၆၆ ဦးသေဆုံးခဲ့သော အီဂျစ်လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာ ဗုံးပေါက်ကွဲထားသည့် လက္ခဏာရပ်များ တွေ့ရှိထားဟု အာဏာပိုင်များ ပြော

ဒီဇင်ဘာ ၁၇ ။          ။ ပြီးခဲ့တဲ့ မေလအတွင်းက ပါရီမြို့မှ ကိုင်ရိုသို့ ဦးတည်ပျံသန်းလာခဲ့ရာလမ်းကြောင်းတွင် ပျက်ကျခဲ့သည့် အီဂျစ်လေယာဉ်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို အာဏာပိုင်များက စစ်ဆေးထားခဲ့ရာ ပေါက်ကွဲစေတတ်သောပစ္စည်းများ ပေါက်ကွဲမီးလောင်ကျွမ်းခံထားရသည့် လက္ခဏာရပ်များ တွေ့ရှိခဲ့ရကြောင်း စုံစမ်းရေးအရာရှိများက ပြောသည်။

အီဂျစ်လေယာဉ်အမှတ် MS 804 မှာ မေလ ၁၉ ရက်က မြေထဲပင်လယ်တွင်းရှိ အနက်ရှိုင်းဆုံးသောနေရာတစ်ခုသို့ထိုးဆင်းပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံးခဲ့ကြရသည်။

ယင်းနောက်ပိုင်း လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သေဆုံးသူများ၏ ရုပ်အလောင်းများပေါ်တွင် ပေါက်ကွဲမှုပစ္စည်းများဖြင့်ပေါက်ကွဲထိခိုက်ထားသည့် ဒဏ်ရာလက္ခဏာရပ်များကို တွေ့ရှိထားရပြီဖြစ်ကြောင်း အီဂျစ်စုံစမ်းရေးကော်မတီက ထုတ်ပြန်သွားသည်။

သို့သော် ကော်မတီက အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားခြင်းမရှိသေးပေ။

ယင်းအတွက်ကြောင့် ယခုကဲ့သို့ အီဂျစ်ကော်မတီ၏ ထုတ်ပြန်ချက်အရဆိုလျင် လူပေါင်း ၆၆ ဦးသေဆုံးခဲ့သော ယင်းလေယာဉ်ပျက်ကျမှုမှာ ဗုံးတစ်လုံးပေါက်ကွဲခြင်းကြောင့် ပျက်ကျသွားခြင်းဖြစ်ကြောင်း   ကောက်ချက်ချရမည်ဟု ဆိုရမည်ဖြစ်သော်လည်း ယင်းကဲ့သို့ ပေါက်ကွဲစေတတ်သော ပစ္စည်းကို လေယာဉ်ပေါ်သို့ မည်ကဲ့သို့ တင်ဆောင်လာသည်နှင့် မည်သူကလုပ်ဆောင်ခဲ့သည် ဆိုသည်ကို   ဖော်ထုတ်ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly