အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲဝင်မည့် မြန်မာအသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲဝင်မည့် မြန်မာအသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်
(ဓာတ်ပုံ - MFF)

၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(ဂ)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ခြေစစ်ပွဲတွင် အိမ်ရှင်မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ အုပ်ချုပ်/နည်းပြ ၈ ဦးနှင့်အတူ ကစားသမား ၂၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု(ဂ) ပွဲစဉ်များကို လာမယ့် ဒီဇင်ဘာ ၂၀ ရက်မှ ၂၄ ရက်ထိ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမှာဖြစ်ပြီး မြန်မာ ယူ ၁၉ အမျိုးသမီးအသင်းက ဒီဇင်ဘာ ၂၀ ရက်တွင် ပါလက်စတိုင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကာဂျစ္စတန်နှင့် ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းအသင်းတို့နှင့် အသီးသီးယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၅ ရက်က ဟောင်ကောင်အသင်းနှင့် ခြေစမ်းကစားထားပြီး ဟောင်ကောင်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိထားပါတယ်။

(အုပ်ချုပ်/နည်းပြ)
၁။ ဦးအေးမောင်ကြီး (အုပ်ချုပ်သူ)
၂။ ဦးဝင်းမြင့်သွင် (နည်းပြချုပ်)
၃။ ဒေါ်ဇင်မာဝမ်း (လက်ထောက်နည်းပြ)
၄။ ဒေါ်မေခင်ယမင်း (ဂိုးနည်းပြ)
၅။ ဒေါ်စန်းစန်းသိန်း (အတွင်းရေးမှူး)
၆။ ဒေါ်ယုနန္ဒာထွန်း (ဆရာဝန်)
၇။ ဒေါ်အေးကျော့စံ (အကြောကျွမ်းကျင်)
၈။ ဦးဇေသူအောင်(မီဒီယာ)

(ကစားသမား)(ဂိုး)
မျိုးမြမြငြိမ်း(ပြည်ထဲရေး)၊ ခိုင်ဇာဝင်း(အား/ကာ သိပ္ပံ မန္တလေး)၊ မေသဇင်ထွန်း (ရှမ်းပြည်နယ်)

(နောက်တန်း)
ငယ်ငယ်ထွေး(ပြည်ထဲရေး)၊ ခင်ပြည့်လင်း(အား/ကာ သိပ္ပံ မန္တလေး)၊ အိ သိင်္ဂီကျော်(အား/ကာ သိပ္ပံ မန္တလေး)၊ သဥ္ဖာချို(အား/ကာ သိပ္ပံ မန္တလေး)၊ အိ ရတနာဖြိုး(အား/ကာ သိပ္ပံ မန္တလေး)၊ ခင်မျိုးဝင်း(အား/ကာ သိပ္ပံ မန္တလေး)၊ နန့်ဇူးဇူးထက်(မြဝတီအက်ဖ်စီ)၊ ကေဇင်မြင့်(အား/ကာ သိပ္ပံ မန္တလေး)၊ ယမင်းလွင် (ပြည်ထဲရေး)

(အလယ်တန်း)
ရွှေမိုးအေး(အား/ကာ သိပ္ပံ ရန်ကုန်)၊ မေသက်ခိုင်(မြဝတီအက်ဖ်စီ)၊ ခင်မိုမို ထွန်း(ပြည်ထဲရေး)၊ ဇင်ဇင်နိုင်(အား/ ကာ သိပ္ပံ မန္တလေး)၊ နန့်မေသဇင်(အား/ကာ သိပ္ပံ ရန်ကုန်)၊ ဇွန်ပွင့်ဖြူ(အား/ကာ သိပ္ပံ မန္တလေး)၊ ဇင်မိုးထက် (အား/ကာ သိပ္ပံ မန္တလေး)၊ သင်းသင်းယု(အား/ကာ သိပ္ပံ ရန်ကုန်)

(ရှေ့တန်း)
နုနု(အား/ကာ သိပ္ပံ မန္တလေး) ၊ ဇူလိုင်ကျော် (ပြည်ထဲရေး)၊ သင်းသင်းမော် (ရန်ကုန်တိုင်း)

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required