ဖေ့စ်ဘွတ်အသုံးပြုသူများ သတင်းတုများကို ကလစ်နှိပ် အကြောင်းကြားနိုင်

ဖေ့စ်ဘွတ်အသုံးပြုသူများ သတင်းတုများကို ကလစ်နှိပ် အကြောင်းကြားနိုင်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် သတင်းတုများက လွှမ်းမိုးခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် အသုံးပြုသူများက သတင်းတုများအား အကြောင်းကြားရန် နည်းသစ်တစ်ခုကို ဖေ့စ်ဘွတ်က ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

လုပ်ကြံသတင်းဟု သံသယရှိပါက အသုံးပြုသူများက သတင်းပို့စ်ပေါ်မှာ ကလစ်နှိပ် တိုင်ကြားနိုင်တဲ့ စနစ်ကို စတင် စမ်းသပ်သွားမှာလို့ ဖေ့စ်ဘွတ်က ပြောပါတယ်။

အချက်အလက်စစ်ဆေးရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ အဆိုပါလူမှုကွန်ယက်က ပြောဆိုထားပါတယ်။

"အချက်အလက် စစ်ဆေးရေး အဖွဲ့အစည်းမျာက လုပ်ကြံသတင်းတုလို့ ခွဲခြားသတ်မှတ်ခဲ့ပါက အဲဒီသတင်းမှာ အငြင်းပွားအဖြစ် သတိပေးချက်ကို ဖေ့ဘွတ်ပို့စ်အောက်မှာ သင်္ကေတနဲ့ စာသားတို့ ထည့်သွင်းဖော်ပြထားမှာ ဖြစ်ပါတယ်"လို့ ဖေ့စ်ဘွတ်ရဲ့ ဒုဥက္ကဋ္ဌ အဒမ်မော်ရေစီက ပြောပါတယ်။

နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် အနိုင်ရရန် သတင်းတုများ ပျံ့နှံ့ခဲ့တယ်လို့ ဝေဖန်သူအချို့က ယုံကြည်နေကြပြီး သတင်းတုများ ပျံ့နှ့ံမှုအတွက် ဖေ့စ်ဘွတ်က ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။

လူမှုကွန်ယက်ပေါ်မှာ သတင်းတုများ မျှဝေခဲ့မှုက ရွေးကော်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်ခဲ့တယ်လို့ ထင်မြင်ချက်အား ဖေ့စ်ဘွတ်က ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် သတင်းတုများကို ရှင်းလင်းဖို့အတွက် ဖေ့စ်ဘွတ်က အရှိန်မြှင့် ကြိုးပမ်းခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags