လွန်ခဲ့တဲ့ နှစ်ခြောက်သန်းက လူသားအစ

လွန်ခဲ့တဲ့ နှစ်ခြောက်သန်းက လူသားအစ

လွန်ခဲ့တဲ့ အနှစ် ခြောက်သန်းလောက်မှာ မြောက်နဲ့တူပြီး လူဖြစ်လာမယ့် သတ္တဝါတွေ ပေါ်ပေါက် လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒီသတ္တဝါတွေဟာ လေးဘက်သွား အဆင့်သာရှိသေးပါတယ်။ နှစ် နှစ်သန်းကြာအပြီး လွန်ခဲ့တဲ့အနှစ် လေးသန်းအရောက်မှာတော့ လေးဘက်သွား သတ္တဝါတွေဟာ ခြေနှစ်ချောင်းနဲ့ လမ်းလျောက်လာနိုင်ပါခဲ့ပြီး လူသားတစ်ဦးဖြစ်လာခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ် ၂.၆ သန်း အရောက်မှာတော့ တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး အစာရှာစားတတ်တဲ့ လူသားတွေ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁.၆ သန်းမှာ လူတွေဟာ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ လက်နက်တွေ စတင်အသုံးပြုလာပါပြီ။

ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်သိန်းမှာ မီးကို စတင်တွေ့ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် လေးသိန်းမှာတော့ နယ်မြေ ချဲ့ထွင်လာတတ်ကြပါပြီ။ အနုပညာအနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းခွဲခန့်က စတင်ထွန်းကားလာခဲ့ပြီး ကျောက်နံရံတွေမှာ ချွန်ထက်တဲ့ လက်နက်နဲ့ ရုပ်ပုံတွေ ဆွဲတတ်လာပါတယ်။ ဒီနောက် လွန်ခဲ့တဲ့အနှစ် ခြောက်သောင်းမှာတော့ ကျောက်နံရံတွေပေါ်မှာ စုတ်တံတွေနဲ့ တိရိစ္ဆာန်အရုပ်တွေကို ပန်းချီလိုမျိုး စနစ်တကျ ဆွဲတတ်လာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ မှာတော့ စိုက်ပျိုးရေးပညာ ထွန်းကားလာပြီး ကိုယ်တိုင်စိုက်ပျိုး စားသောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ခြောက်သန်းမှာ လူသားတွေ စတင်ပေါ်ထွန်းခဲ့ပြီး ဒီနေ့တော့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးတင် သန်း ၆၀ နီးပါး ရှိနေပါပြီ။

လွန်ခဲ့တဲ့ နှစ် ခြောက်သန်းလောက်မှာ လေးဘက်တွားသတ္တဝါဟာ ဒီနေ့မှာတော့ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နိုင်တဲ့ လူသားအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုပါပဲ ချွန်ထက်တဲ့ အရာတွေကို လက်နက်အဖြစ် တစ်ချိန်က အသုံးပြုခဲ့ပေမယ့် ဒီနေ့တော့ ခေတ်မီဆန်းသစ်တဲ့ လက်နက်ကြီးတွေနဲ့ တာတိုပစ်၊ တာဝေးဖြစ် ဒုံးကျည်တွေ၊ နူကလီးယား လက်နက်တွေ စတာတွေ သုံးနေကြပါပြီ။ တစ်ချိန်က ကျောက်နံရံမှာ ရေးခြစ်ပြီး ပန်းချီဆွဲခဲ့ကြတဲ့လက်တွေဟာလည်း ဒီနေ့တော့ ကွန်ပျူတာ ကီးဘုတ်ပေါ် လာက်လာကြပါပြီ။

(လူသားတစ်ယောက် ဘယ်လိုဖြစ်လာသလဲဆိုတာ အောက်က ရုပ်သံဖိုင်မှာ လွယ်လွယ်သိနိုင်ဖို့ ရှင်းရှင်းလင်းလင်းလေး ပြထားပါတယ်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required