နှစ်အကူးမှာ ဖြစ်တတ်တဲ့ တုတ်ကွေးကို ဘယ်လိုကာကွယ်မလဲ

နှစ်အကူးမှာ ဖြစ်တတ်တဲ့ တုတ်ကွေးကို ဘယ်လိုကာကွယ်မလဲ

မြန်မာလို ဥတုအဖျား ဒါမှမဟုတ် တုတ်ကွေးလို့အသိများတဲ့ အဖျားဟာ လူအချင်းချင်း ကူးစက်တတ်ပါတယ်။ အမျိုးအစားအားဖြင့် A,Bနဲ့ C ကို သုံးမျိုးခွဲခြားထားပြီး C အမျိုးအစားအန္တရယ်များပါတယ်။ ဖျားနေတဲ့သူတစ်ယောက် ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် နှာချေတဲ့အခါတွေမှာ လေထဲကနေ ဗိုင်းရပ်စ်တွေ ပျံ့သွားပြီး ဘေးကလူတွေဆီ ကူးစက်တတ်တဲ့ ဗိုင်းရစ်မျိုးပါ။

ဒါ့အပြင် အထိအတွေ့တွေကလည်း ကူးစက်တတ်ပါတယ်။ လက္ခဏာတွေကတော့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုတာ၊ အရိုးအဆစ်တွွေနဲ့ ကြွက်သားတွေ နာတာတွေ ဖြစ်တတ်ပါတယ်။

လူအများစုမှာတော့ တစ်ပတ်အကြာလောက် ဝေဒနာ ခံစားရတတ်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ခံအား နည်းသူတွေမှာ ဖြစ်လေ့ရှိပါတယ်။ တုတ်ကွေး အဖျားဟာ ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလတွေမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် လူပေါင်း ၂၅၅၀၀ လောက် သေဆုံးနေကြပါတယ်။

ဒီရောဂါကို ကာကွယ်ဖို့ကတော့ လက်မကြာခဏဆေးတာ၊ ချောင်းဆိုးတဲ့အခါ အကာအကွယ်နဲ့ ဆိုးတာတွေကနေ ဗိုင်းရစ်ပိုး ပျံ့နှံ့မှုကို ကာကွယ်နိုင်မှာပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly