Myanmar Media 7 ၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးမည့် ၀ိဉာဉ်စိမ်း

Myanmar Media 7 ၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးမည့် ၀ိဉာဉ်စိမ်း

ရန်ကုန် ၊ ဇူလိုင် ၂၀ ။    ။ Myanmar Media 7 ရုပ်ရှင် ထုတ်လုပ်ရေး မှ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားအဖြစ် ဝိဉာဉ်စိမ်းဟု အမည်ပေးထားသည့် ဇာက်ကားကို စက်တင်ဘာ ၁၀ရက် တွင် စတင် ရိုက်ကူး သွားမည်ဟု Myanmar Media 7 မှ ကိုဝေမင်းမောင်က မဇ္ဈိမကို ပြောသည်။

ထို ဇာတ်ကားကို ဇာတ်လမ်း ချမ်းသာ(ရွှေမန်းသဘင်)၊  ဇာတ်ညွှန်း ငြိမ်းမင်း က ရေးသားထားပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းက  ရိုက်ကူးမည် ဖြစ်သည်။ သရုပ်ဆောင်များ အဖြစ် ကျော်သူ ၊ ရန်အောင် ၊ မင်းမော်ကွန်း ၊ ကျော်ကျော်ဗို ၊ မြင့်မြတ် ၊ ဟိန်းဝေယံ ၊ စိုးမြတ်သူဇာ ၊ ဇော်ဦး ၊ မေတ္တာ ၊ ဇော်ဝင်းနိုင် ၊ ဂွမ်းပုံကြီး ၊ Kညီ တို့ဖြင့် ရိုက်ကူးမည် ဖြစ်သည်။

" ဝိညာဉ်စိမ်း " ဟု အမည် ပေးထားသည့် ယင်းဇာတ်လမ်းတွင် သေဆုံးသူများ နှင့် ကျန်ရစ်သူ များကြားမှ အဖြစ် အပျက်ကိုမြန်မာ့ ဓလေ့များနှင့် ပေါင်းစပ် ထားခြင်း ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင်က "ကျွန်တော်တို့ Myanmar Media 7 က တစ်နှစ် တစ်ကား ရိုက်ဖို့လုပ်ထားတာ ဆိုတော့ ဒီနှစ် အတွက် တိုင် ပင်ရင်း ဒီဇာတ်ကားကို ရိုက်ဖြစ်သွားတာပါ။ ဒီထဲမှာ ပါမယ့် ဇာတ် ကောင် တွေကလည်း ဇာတ်နဲ့ လိုက်မယ့် သူတွေကိုပဲ ရွေးချယ်ထားတာပါ" ဟု ပြောသည်။

ထိုဇာတ်ကားကို စက်တင်ဘာ ၁၀ရက်တွင် ပုပ္ပါး၌ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး စက်တင်ဘာ လကုန် အထိ ရိုက်ကူးသွား မည်ဖြစ်သည်။ ဇာတ်လမ်း ပုံစံမှာ မင်းမော်ကွန်း ၊ ကျော်ကျော်ဗို ၊ ဟိန်းဝေယံ ၊ မြင့်မြတ်တို့သည် ညီအကိုလေးယောက်ဖြစ် ကြပြီး ၎င်းတို့၏ ဖခင်မှာ ရန်အောင် ဖြစ်ကာ မိခင် ဖြစ်သူမှာ စိုးမြတ်သူဇာ ဖြစ်သည်။ တစ်နေ့တွင် ဖခင် ဖြစ်သူ ရန်အောင် သေဆုံး သွားသည့် အချိန်၌ ဖခင် ဖြစ်သူ၏ လိပ်ပြာ ကို ခေါ်ယူ ရာတွင် ဖခင်ဖြစ်သူ၏ လိပ်ပြာ မဟုတ်ပဲ ကျော်သူ၏ လိပ်ပြာ ဖြစ်နေသည့် အတွက် နောက်ဆုံး ကျွတ်လွတ် သွားခဲ့သူမှာ ဦးကျော်သူ ဖြစ်နေ ခဲ့သည်။ ထို ဇာတ်ကားသည် မိသားစု ဒရမ်မာ ဇာတ်ကားဖြစ် သလို ဟာသလည်း ပါဝင်သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

Myanmar Media 7 ရုပ်ရှင် ထုတ်လုပ်ရေး မှပထမဆုံး ရုပ်ရှင် ဇာတ်ကား အဖြစ်  မှော်ကျောက်စာ အမည်ရှိ ရုပ်ရှင် ဇာတ်ကား ကိုစတင် ရိုက်ကူး ခဲ့သည်။ ထို ဇာတ်ကားသည် မှော်ဖြစ်ရပ်မှန်ကို အခြေခံကာ ခေတ် နှစ်ခေတ် ကို ပုံဖော် ရိုက်ကူး ထားခြင်းဖြစ် သည်။

ယင်းဇာတ်ကားကို ဝတ္ထု ခူးခူး ၊ ဇာတ်ညွှန်း အင်ကြင်းဟန်နှင့် မြင့်ဦးဦးမြင့် ဖြစ်ပြီး ဒါရိုက်တာ ဝင်းထွန်း ထွန်းက ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင်များ အဖြစ် သူထူးစံ ၊ မြင့်မြတ် ၊ ထွန်းထွန်း ၊ ဖြိုးငွေစိုး ၊ ရွှေမှုံရတီ ၊ မေမြင့်မိုရ် တို့ ပါဝင်ထားသည်။ မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားတွင် ဇာတ်ဝင်တေးကို တေးရေး ဆရာမြင့်မိုးအောင်က ရေးသား ပေးထားပြီး နောက်ခံ တီးလုံးကို ဓိရာမိုရ် မှ တီးခတ် ပေးထားသည်။

လက်ရှိတွင် မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကို ထိုင်းနိုင်ငံတွင် 3D Annimation အပိုင်းကို သွားရောက် ဆောင်ရွက်နေပြီး  အားလုံး ပြီးစီးပါက ဆင်ဆာ တင်ကာ ရုံတင် ပြသရန် စီစဉ် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required