ရေဘူးကိုကန်ခဲ့သည့် မန်ယူနည်းပြမော်ရင်ဟို တစ်ပွဲပယ်ခံရ

ရေဘူးကိုကန်ခဲ့သည့် မန်ယူနည်းပြမော်ရင်ဟို တစ်ပွဲပယ်ခံရ

ဒီဇင်ဘာ ၁၆၊ မန်ချက်စတာ။              ။ ရေဘူးကိုကန်ခဲ့သော မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် လွတ်လပ်သောကော်မရှင်၏ စည်းမျဉ်းတစ်ခုအရ အနီးနားမှလူများကို အန္တရာယ်ဖြစ်စေမှုဖြင့် ပွဲကြီးကြပ်ခွင့်တစ်ပွဲပိတ်ခံရသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ဝက်စ်ဟမ်းနှင့်တစ်ဂိုးစီသရေကျခဲ့သောပွဲ၌ ကွင်းလယ်ဒိုင်ဂျိုနသန်မော့စ်က ပေါ့ဂ်ဘာကို ဒိုင်ဗင်ထိုး သည်ဟုယူဆပြီး အဝါကတ်ပြခဲ့မှုကို ဒေါသပေါက်ကွဲခဲ့သော မော်ရင်ဟိုသည် အနီးရှိရေဘူးကိုကန်ခဲ့ရာ ပွဲကြည့်စင်သို့ စေလွှတ်ခံခဲ့ရသည်။

နောက်ပိုင်းတွင် မော်ရင်ဟိုက ပြန်လည်တောင်းပန်ခဲ့ပြီး တစ်ပွဲပယ်ပြစ်ဒဏ်လည်း ချမှတ်ခံရကာ ယင်းပွဲစဉ်ကတည်းက သက်ရောက်ခဲ့ပြီးဖြစ်သည်။

လွတ်လပ်သောကော်မရှင်၏ အစီရင်ခံစာကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကထုတ်ပြန်ပေးခဲ့သည်ဟု စကိုင်းစပို့စ်သတင်းတွင် ဖော်ပြထားသည်။

မော်ရင်ဟိုမှာ တစ်ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ ပေါင် ၁၆၀၀၀ လည်း ချမှတ်ခံရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required