နာမည်ကျော်မင်းသားကိုးယောက်ပါ၀င်သည့် သူ၏အဖွဲ့အကြောင်း မင်းသား ကင်မ်ဝူးဘင် ပြောကြား

နာမည်ကျော်မင်းသားကိုးယောက်ပါ၀င်သည့် သူ၏အဖွဲ့အကြောင်း မင်းသား ကင်မ်ဝူးဘင် ပြောကြား

ပြီးခဲ့သောဒီဇင်ဘာ၁၅ရက်နေ့ကပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မင်းသား ကင်မ်ဝူးဘင်က သူ၏ရင်းနှီးသော အဖွဲ့ဝင်ကိုးဦးပါ၀င်သည့် နာမည်ကျော်မင်းသားအဖွဲ့အကြောင်းကို ဖွင့်ချပြောဆိုခဲ့ပါသည်။

“ ကျနော်တို့အဖွဲ့မှာ အဖွဲ့ဝင်ကိုးဦးရှိပါတယ်၊ဒါပေမယ့် ကျနော်တို့အဖွဲ့ရဲ့နာမည်ကိုတော့ သီးသန့်ကြီးပေးမထား ပါဘူး”လို့ သူကပြောခဲ့ပါသည်။ “အသက်အရွယ်အရဆိုရင်တော့ ဘေးဆန်းဝူး ကအကြီးဆုံးပါ၊ဒါပေမယ့်အတွေ့ အကြံုအရဆိုရင်တော့ ချာတေးဟွန်း က ၀ါအရင့်ဆုံးပါ၊ အခြားအဖွဲ့ဝင်တွေကတော့ ဂျိုအင်ဆန်း၊ ဆောင်းဂျွန်ကီ လီကွမ်ဆူး၊ ကင်မ်ကီဘန်း၊ အင်မ်ဂျူးဟွမ်း၊ ကျနေ်ာနဲ့ ဒိုကျွန်းဆူး ( Exo အဖွဲ့မှ D.O)တို့ဖြစ်ကြပါတယ်” လို့ ၀ူးဘင်က ပြောခဲ့ပါသည်။

ထိုအဖွဲ့ဟာ အနုပညာလုပ်ငန်းထဲမှသူတွေနဲ့ ပရိတ်သတ်တွေကြားမှာ လူသိများထင်ရှားပါသည်။ ဂျိုအင်ဆန်းရဲ့ အိမ်ဟာသူတို့မကြာခဏတွေ့ဆုံလေ့ရှိတဲ့ ဆုံရပ်တစ်ခုဖြစ်ပြီး သူတို့အလုပ်တွေ ဘယ်လောက်များများ ခရီးအတူ ထွက်နိုင်အောင်ကြိုးစားစီစဉ်လေ့ရှိတယ်လို့ပြောခဲ့ပါသည်။ ပြီးခဲ့သောနို၀င်ဘာလတုန်းကလည်း ဂျိုအင်ဆန်း၊ အင်မ်ဂျူးဟွမ်း နှင့် ကင်မ်ဝူးဘင်တို့ဟာ ဂျပန်မှာပြုလုပ်ခဲ့တဲ့ Exo ရဲ့ရှိုးပွဲကိုအတူတက်ရောက်ခဲ့ပါသည်။

“ကျနော်တို့ဂျပန်ကို ခရီးအတူထွက်ခဲ့ကြပြီး ကျွန်းဆူး(D.O)ရဲ့ရှိုးပွဲနဲ့လည်းတိုက်ဆိုင်နေတာကြောင့် သူ့ကိုဝင် တွေ့ခဲ့ကြတာဖြစ်ပါတယ်”လို့ ကင်မ်ဝူးဘင်ကပြောခဲ့ပါသည်။ “ ကျနော်တို့ အလုပ်အချိန်ဇယားတွေက တစ်ဦးနဲ့ တစ်ဦးမတူတာကြောင့် ခရီးသွားရင်အားလုံးမပါပါဘူး၊ဒါပေမယ့် ကျနေ်ာတို့ရှိတဲ့လူနဲ့ပဲရအောင်ခရီးထွက်လေ့ရှိ ပါတယ်”လို့သူကဆက်ပြောခဲ့ပါသည်။ ကျွန်းဆူး(D.O)ရဲ့ရုပ်ရှင်ကား Brother ကိုအထူးပွဲပြသတုန်းကလည်း သူတို့အတူတကွဂုဏ်ပြုခဲ့ကြပြီး ရုပ်ရှင် ဇာတ်ကားဟာလည်းကောင်းမွန်တဲ့အတွက် သူတို့ပျော်ရွှင်ရပါတယ်လို့ လည်းပြောခဲ့ပါသည်။

လာမည့်ဒီဇင်ဘာ ၂၁ရက်နေ့တွင် ကင်မ်ဝူးဘင်ရဲ့ဇာတ်ကားသစ် Master ကိုအထူးပွဲစတင်ပြသမှာဖြစ်ပြီး အခြားအဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၉ရက်နေ့တွင်ပြသမည့် VIPပွဲမှာသူ့ကို လာရောက်အားပေးကြမယ်လို့ မျှော်လင့်ထားပါသည်။ ဒါ့အပြင် အခြားအဖွဲ့ဝင်များဖြစ်သည့် ချာတေးဟွန်းနှင့် ဘေးဆန်းဝူးတို့ရဲ့ဇာတ်ကားသစ် တွေဟာလည်းလာမည့် နှစ်အစောပိုင်းတွင် ထွက်ရှိမှာဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly