ကိုယ့်သီချင်းတွေမှာ ကိုယ်တိုင်သရုပ်ဆောင်ရတာ ပိုပင်ပန်းတယ်လို့ ဆိုတဲ့ နန်းခင်ဇေယျာ

ကိုယ့်သီချင်းတွေမှာ ကိုယ်တိုင်သရုပ်ဆောင်ရတာ ပိုပင်ပန်းတယ်လို့ ဆိုတဲ့ နန်းခင်ဇေယျာ

ရန်ကုန်၊ဒီဇင်ဘာ ၁၅ ။               ။ မစ်မြန်မာတစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး သရုပ်ဆောင်တာအပြင် တေးသီချင်းတွေပါ သီဆိုနေခဲ့တဲ့ နန်းခင်ဇေယျာက သူရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Non Stop အခွေမှာ ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ရတာ တခြားမှာ သရုပ်ဆောင်ရတာထက် ပိုပင်ပန်းတယ်လို့ ဆိုပါတယ်။

“နန်းခင်ရဲ့ အခွေထဲမှာ သီချင်းခြောက်ပုဒ်အတွက် နန်းခင်ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ တခြားအနုပညာရှင်တွေလည်းပါတော့ သူတို့သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ကိုယ့်အခွေဖြစ်တယ်ဆိုတော့ ဇာတ်လမ်း ဇာတ်ကွက်တွေကအစ အကုန်လုပ်ရတာ ။ အဲဒါကြောင့် ပိုပင်ပန်းပါတယ်”  လို့ နန်းခင်ဇေယျာက ပြောပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က သူရဲ့ တစ်ကိုယ်တော် Non Stop Audio CD သာထွက်ရှိထားသာဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာတော့ DVD ကာရာအိုကေ ထွက်ရှိတော့မှာဖြစ်ပါတယ်။

အဆိုပါ တေးအယ်လ်ဘမ်ကို တစ်နှစ်တိတိ အချိန်ယူကာ ပြင်ဆင်ခဲ့တာဖြစ်ပြီး ကားရိုက်အားတဲ့ရက်တွေကို ညှိပြီး အကောင်းဆုံးပြင်ဆင်ရိုက်ကူးထားကြောင်းနဲ့ ထပ်မံထွက်ရှိမယ့် DVD အခွေနဲ့ ပတ်သတ်ပြီး အများကြီး မမျှော်လင့်ထားကြောင်း နန်းခင်ဇေယျာက ပြောပါတယ်။

“နန်းခင် ဒီအခွေအတွက် ကားရိုက် နားမယ့်ရက်တွေမှာ အချိန်လုပြီး ဒါရိုက်တာနဲ့ တိုင်ပင်ပြီး ရိုက်ကူးခဲ့ပါတယ်။ နန်းခင် အကောင်းဆုံး ကြိုးစားထားတယ်။ ပရိသတ်ဆီကတော့ အများကြီး မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ပရိသတ်ရင်ထဲ တစ်ခုခုကျန်ခဲ့မယ်ဆိုရင်ပဲ နန်းခင်ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ Nan Stop DVD ကာရာအိုကေ ကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် Bo Bo Entertainment မှ ဖြန့်ချိမှာဖြစ်ပြီး ၂၅ ရက်နေ့မှာတော့ ဒဂုံစင်တာမှာ ပရိုမိုးရှင်းပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required