မြန်မာသံတွေပဲ သီးသန့်ကြားရမယ့် နီနီဝင်းရွှေရဲ့ ဖျော်ဖြေပွဲ

မြန်မာသံတွေပဲ သီးသန့်ကြားရမယ့် နီနီဝင်းရွှေရဲ့ ဖျော်ဖြေပွဲ

နီနီဝင်းရွှေနှင့် ဂန္တဝင်အနုပညာရှင်ကြီးများရဲ့ မြန်မာသံတေးဂီတဖျော်ဖြေပွဲကြီးလို့ အမည်ပေးထားတဲ့ မြန်မာသံဖျော်ဖြေပွဲတစ်ခုကို ဒီဇင်ဘာ ၃၀ ရက် အမျိုးသားဇာတ်ရုံမှာ ပြုလုပ်သွားမှာပါ။

မြန်မာသံတေးသီချင်းအဆိုတော်ကြီးတွေဖြစ်ကြတဲ့ ဦးမင်းနောင်၊ မောင်မောင်ကြီး၊ တင်တင်မြ၊ ထား၊ အေဝမ်းတင်တင်လှ၊ ချိုပြုံး၊ ရီရီသန့်၊ တက္ကသိုလ်လဲ့လဲ့ တို့လို ဂန္တဝင်အဆိုတော်ကြီးတွေအပြင် ကော်နီ၊ ဖိုးသောကြာ၊ ဖြိုးပြည့်စုံ၊ ထွန်းကိုကိုနှင့် မိုးကျော်လှိုင်တို့လို လူငယ်အဆိုတော်များနဲ့ပါ တွဲဖက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

နီနီဝင်းရွှေက မြန်မာသံပရိသတ်တွေအတွက် တေးသီချင်း အပုဒ် ၃၀ ကျော်ကို သီဆိုဖျော်ဖြေမှာဖြစ်ပြီး နီနီဝင်းရွှေရဲ့ သုံးနှစ်ကျော်အကြာ မြန်မာနို်ုင်ငံမှာ ထပ်မံပြုလုပ်တဲ့ ဖျော်ဖြေပွဲဖြစ်ကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required